Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 24:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဤ​အရာ​အားလုံး​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 သို့သော် ထို​အရာများ​အားလုံး​သည် ကျရောက်လာမည့် ကြောက်မက်ဖွယ်သော​ဆင်းရဲဒုက္ခများ​၏ အစ​မျှသာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

8 ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 24:8
12 ပူးပေါင်းရင်းမြစ်များ  

အကျဉ်းသား​တို့​တွင် ဝပ်တွား​ခြင်း​၊ သတ်ဖြတ်​ခံရ​သော​သူ​တို့​တွင် လဲကျ​ခြင်း​မှတစ်ပါး အခြား​မ​ရှိ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


အရှေ့ဘက်​မှ ဆီးရီးယား​လူမျိုး​၊ အနောက်ဘက်​မှ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​ကို အငမ်းမရ​ဝါးမျို​ကြ​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


သူ​တို့​အားလုံး​သည် ဘုရားတရားမဲ့​သော​သူ​၊ ဆိုးညစ်​သော​သူ​တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​၏​နှုတ်​သည်​လည်း မိုက်မဲ​သော​စကား​ကို ပြောဆို​တတ်​ကြ​၏​။ ထို့ကြောင့် ဘုရားရှင်​သည် လူပျို​တို့​အပေါ် နှစ်သက်​တော်​မ​မူ​။ မိဘမဲ့​နှင့် မုဆိုးမ​တို့​ကို သနား​တော်​မ​မူ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


မနာရှေ​အမျိုး​က ဧဖရိမ်​အမျိုး​ကို​၊ ဧဖရိမ်​အမျိုး​က မနာရှေ​အမျိုး​ကို ဝါးမျို​၏​။ သူ​တို့​အတူတကွ ယုဒ​အမျိုး​ကို ဆန့်ကျင်​ကြ​၏​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


သူ​သည် သားဖွား​ဝေဒနာ​ကဲ့သို့ ခံစား​ရ​မည်​။ သူ​သည် အချိန်တန်​သော်လည်း ဝမ်း​ထဲမှ ထွက်​မ​လာ​သော​မိုက်မဲ​သည့်​ကလေး​ဖြစ်​၏​။


လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငလျင်​လှုပ်​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။


သို့သော် ဤ​အခြင်းအရာ​အားလုံး​မ​ဖြစ်​မီ လူ​တို့​သည် သင်​တို့​ကို​ဖမ်းဆီး​၍ ညှဉ်းဆဲ​ကာ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် ထောင်​များ​ထဲသို့ ပို့​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ​၏​နာမ​ကြောင့် ရှင်ဘုရင်​များ​နှင့်​ဘုရင်ခံ​များ​ရှေ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။


ထူးဆန်း​သော​ကပ်ရောဂါ​ဖြစ်​သည့် ပြင်းထန်​သော​နာတာရှည်​ကပ်ရောဂါ​များ​၊ ဆိုးရွား​သော​နာတာရှည်​အနာရောဂါ​များ​ကို ထာဝရဘုရား​သည် သင်​နှင့်​သင့်​သားစဉ်မြေးဆက်​တို့​၌ သက်ရောက်​စေ​တော်မူ​မည်​။


“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။


ချမ်းသာ​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ သင်​တို့​အပေါ်​သက်ရောက်​လာ​မည့် ဒုက္ခ​ဆင်းရဲ​ခြင်း​များ​အတွက် အော်ဟစ်​ငိုကြွေး​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ