ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။
မဿဲ 19:5 - မြန်မာ့စံမီသမ္မာကျမ်း ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖော်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်’ဟု မိန့်တော်မူခဲ့ကြောင်း သင်တို့မဖတ်ဖူးကြသလော။ Common Language Bible `ဘုရားသခင်ကဤအကြောင်းကြောင့်ယောကျာ်း သည် ကိုယ့်မိဘကိုစွန့်၍မိမိဇနီးနှင့်ပေါင်းသင်း နေထိုင်ရလိမ့်မည်။ ထိုသူနှစ်ဦးသည်တစ်သား တည်းဖြစ်ရကြလိမ့်မည်။- Garrad Bible ထို အ ကြောင်း ကြောင့် ယောက်ျား သည် မိ ဘ ထံ မှ ထွက် ခွာ၍ မ ယား နှင့် စုံ ဘက် သ ဖြင့် ထို သူ နှစ် ဦး သည် တစ် သား တည်း ဖြစ် ရ လိမ့် မည် ဟူ၍ ဗျာ ဒိတ် တော် ရှိ သည် ကို သင် တို့ မ ဖတ် ဘူး ကြ သလော။ Judson Bible ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ယောက်ျားသည် မိခင်နှင့် ဖခင်ကို ခွဲခွာ၍ မိမိဇနီးနှင့် ပေါင်းဖက်သဖြင့် သူတို့နှစ်ဦးသည် တစ်သားတည်းဖြစ်ကြလိမ့်မည်’ ဟု ကျမ်းစာတွင် ပါရှိသည်ကို သင်တို့ မဖတ်ဖူးကြသလော။ မြန်မာ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။- |
ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။
ငါ့အစ်ကိုယောနသန်၊ သင့်အဖို့ ငါကြေကွဲရပါပြီတကား။ သင်သည် ငါ့အဖို့ အလွန်နှစ်သက်ဖွယ်ကောင်းသောသူ ဖြစ်ခဲ့ပါ၏။ သင် ငါ့ကိုချစ်သောအချစ်မှာလည်း အံ့ဖွယ်ဖြစ်ပါ၏။ မိန်းမတို့ ချစ်သောအချစ်ထက် သာလွန်ပါ၏။
ထိုတစ်ပါးအမျိုးသမီးတို့နှင့်ပတ်သက်၍ ထာဝရဘုရားက အစ္စရေးအမျိုးသားတို့အား “ထိုသူတို့ထံသို့ မသွားနှင့်။ သင်တို့ထံလည်း မလာစေနှင့်။ သူတို့သည် သင်တို့ကို သူတို့ဘုရားနောက်သို့စိတ်ပါသွားအောင် ဖြားယောင်းကြလိမ့်မည်”ဟု မိန့်မှာထားနှင့်ပြီဖြစ်၏။ သို့သော် ရှောလမုန်မင်းကြီးသည် ထိုသူတို့ကိုမှ စွဲစွဲလမ်းလမ်းချစ်၏။
သမီး၊ နားထောင်လော့။ ကြည့်ရှုဆင်ခြင်၍နားစွင့်လော့။ သင့်လူမျိုးနှင့် သင့်ဖခင်၏အိမ်ကို မေ့ထားလော့။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဖက်တွယ်ထားပါ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုထောက်မတော်မူ၏။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။
ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။
ပြည့်တန်ဆာနှင့်ပေါင်းဖော်သောသူသည် ပြည့်တန်ဆာနှင့်တစ်ခန္ဓာတည်းဖြစ်ကြောင်း မသိကြသလော။ အကြောင်းမူကား “ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်”ဟု ကျမ်းစာ၌ဆိုထား၏။
သို့သော် တရားနှင့်မညီမေထုန်ပြုခြင်းအမှုများကြောင့် ယောက်ျားအသီးသီး၌ မိမိမယားရှိစေလော့။ မိန်းမအသီးသီး၌လည်း မိမိလင်ယောက်ျားရှိစေလော့။
မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။
ထိုအကြောင်းကြောင့် ယောက်ျားသည် မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ဝတ်ပြုရမည်။ ဆည်းကပ်ရမည်။ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုရမည်။
သင်တို့အားငါဆင့်ဆိုသော ဤပညတ်တော်ရှိသမျှတို့ကို ကြိုးစား၍လိုက်နာစောင့်ထိန်းရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ လမ်းတော်ရှိသမျှတို့ကို လိုက်လျှောက်ရမည်။ ကိုယ်တော်ကို ဆည်းကပ်ရမည်။
သို့သော် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်သောသူအားလုံး ယနေ့အထိ အသက်ရှင်ရကြ၏။
ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။