ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ
မဿဲ 17:20 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။ Common Language Bible ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။- Garrad Bible သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။ Judson Bible သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှု မရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့၏ ယုံကြည်ခြင်းသည် အားနည်းသောကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆို၏။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိပါက သင်တို့မတတ်နိုင်သောအရာမရှိ။ မြန်မာ သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှု မရှိ။- |
ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ
ကိုယ်တော်ကလည်း“လာခဲ့လော့”ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။
ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ တပည့်တော်တို့သည် သူတို့ချည်းသာယေရှုထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု မေးလျှောက်ကြ၏။
ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ယုံကြည်ခြင်းရှိလျက် သံသယကင်းမဲ့ကြလျှင် ဤသဖန်းပင်၌ ပြုခဲ့သည့်အမှုမျိုးကိုပြုနိုင်သည်သာမက ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျှင်ပင် ထိုအတိုင်းဖြစ်လိမ့်မည်။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား မည်သူမဆို ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျက် မိမိစိတ်နှလုံးထဲ၌ သံသယကင်းမဲ့ကာ မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျှင် ထိုသူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။
၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်သောအခါ မြေကြီးပေါ်ရှိ အစေ့တကာတို့ထက် သေးငယ်၏။
ယေရှုကလည်း“တတ်နိုင်လျှင်ဟုဆိုရသလော။ ယုံကြည်သောသူအတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။
သခင်ဘုရားကလည်း“သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။
ကိုယ်တော်ကလည်း“လူတို့အတွက်မဖြစ်နိုင်သောအရာများသည် ဘုရားသခင်အတွက်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော”ဟု မိန့်တော်မူ၏။
ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား ယုံကြည်ခြင်းကိုလည်းကောင်း၊ ထိုဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် အခြားတစ်ဦးအား အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးကိုလည်းကောင်း၊
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
သို့ဖြစ်၍ သူတို့သည် မယုံကြည်မှုကြောင့် မဝင်နိုင်သည်ကို ငါတို့သိမြင်ရကြ၏။