ရှင်မာကု 4:31 - မြန်မာ့စံမီသမ္မာကျမ်း31 ၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်သောအခါ မြေကြီးပေါ်ရှိ အစေ့တကာတို့ထက် သေးငယ်၏။ အခန်းကိုကြည့်ပါ။Common Language Bible31 ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။- အခန်းကိုကြည့်ပါ။Garrad Bible31 မုံ ညင်း စေ့ နှင့် တူ၏။ ထို အ စေ့ သည် မြေ၌ စိုက် ပျိုး သော အ ခါ ဤ မြေ ကြီး ပေါ် တွင် မျိုး စေ့ ရှိ သ မျှ ထက် ငယ် သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible31 မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း31 ကောင်းကင်နိုင်ငံတော်သည် မြေတွင် စိုက်ထားသောမုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မျိုးစေ့များအနက် အသေးငယ်ဆုံးဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ31 မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊- အခန်းကိုကြည့်ပါ။ |
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။