သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
မဿဲ 14:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။ Common Language Bible လင်ပန်းပေါ်တွင်တင်၍သူငယ်မအားပေးစေ တော်မူ၏။ သူငယ်မသည်လည်းထိုဦးခေါင်းကို မိခင်ထံသို့ယူဆောင်သွား၏။- Garrad Bible ဦး ခေါင်း ကို လည်း လင် ပန်း တွင် ထည့်၍ ပေး သ ဖြင့် သူ ငယ် မ သည် မယ် တော့် ထံ ယူ သွား ၏။ Judson Bible ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ ယူသွား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဦးခေါင်းကို လင်ပန်းဖြင့် ယူဆောင်လာ၍ မိန်းကလေးအား ပေးစေ၏။ မိန်းကလေးသည်လည်း ထိုဦးခေါင်းကို မိခင်ထံသို့ ယူဆောင်သွားလေ၏။ မြန်မာ ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ ယူသွား၏။- |
သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
အမျက်ဒေါသသည် ရက်စက်၍ အမျက်သည် လွှမ်းမိုးတတ်၏။ သို့သော် မနာလိုဝန်တိုမှုရှေ့၌ မည်သူခံရပ်နိုင်မည်နည်း။
သွေးဆာသောသူတို့သည် အပြစ်တင်စရာမရှိသောသူကိုမုန်း၍ ဖြောင့်မှန်သောသူ၏အသက်ကိုသတ်ရန် ရှာကြံတတ်ကြ၏။
သင့်မျက်စိ၊ သင့်စိတ်နှလုံးထဲတွင်မူကား မတရားစီးပွားရှာခြင်း၊ အပြစ်မဲ့သောသူကိုသတ်ဖြတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းတို့သာရှိ၏။
ထို့ကြောင့် ငါဘုရားရှင်ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ အသက်သတ်ခြင်းအမှုကို သင်၌အပ်သဖြင့် သွေးကြွေးသည် သင့်ကိုလိုက်လိမ့်မည်။ လူအသက်သတ်ခြင်းကို သင်မြတ်နိုးသောကြောင့် သွေးကြွေးသည် သင့်နောက်သို့လိုက်လိမ့်မည်။
ထိုအခါ ယောဟန်၏တပည့်တို့သည်လာ၍ အလောင်းကိုယူဆောင်သွားပြီးလျှင် သူ့ကိုသင်္ဂြိုဟ်ကြလေ၏။ ထို့နောက် ယေရှုထံလာ၍ ကြားလျှောက်ကြ၏။
ထိုအခါ မိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။