အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုအုပ်ထိန်းရသော၊ မိမိအိမ်တွင်အသက်အကြီးဆုံးဖြစ်သောအစေအပါးအား “သင်၏လက်ကို ငါ့ပေါင်အောက်၌ထားလော့။
မြည်တမ်းစကား 5:6 - မြန်မာ့စံမီသမ္မာကျမ်း အစာရေစာအလုံအလောက်ရရှိဖို့ရန် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့ထံ ခယတောင်းဆိုရပါပြီ။ Common Language Bible ကျွန်တော်မျိုးတို့သည်မိမိတို့အသက်ရှင်ရေးအတွက် အစားအစာအလုံအလောက်ရရှိနိုင်ရန် အာရှုရိပြည်နှင့်အီဂျစ်ပြည်သို့သွား၍ တောင်းရမ်းရကြပါ၏။ Garrad Bible အ သက် မွေး ရ အံ့ သော ငှာ။ အိ ဂျစ် ပြည်၊ အာ ရှု ရိ ပြည် သား တို့ ထံ။ လက် အောက် ခံ ရ ကြ ပြီ။ Judson Bible စားစရာကိုရခြင်းငှာ အဲဂုတ္တုပြည်သား၊ အာရှုရိပြည်သားတို့၌ ကျွန်ခံရပါ၏။ |
အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုအုပ်ထိန်းရသော၊ မိမိအိမ်တွင်အသက်အကြီးဆုံးဖြစ်သောအစေအပါးအား “သင်၏လက်ကို ငါ့ပေါင်အောက်၌ထားလော့။
ထို့နောက် ထိုနေရာမှဆက်လက်ထွက်ခွာလာ၍ သူ့ကိုလာရောက်ကြိုဆိုသော ရေခပ်၏သားယောနဒပ်နှင့် တွေ့ဆုံနှုတ်ဆက်လျက် “သင်သည် ငါနှင့်စိတ်သဘောထားချင်းတူပါသလော”ဟုမေးလျှင် ယောနဒပ်က “တူပါ၏”ဟုပြန်ဖြေရာ ယေဟုက “သို့ဖြစ်လျှင် သင့်လက်ကို ကမ်းပေးလော့”ဟု ဆို၏။ ယောနဒပ် လက်ကမ်းပေးလျှင် ယေဟုသည် သူ့ကို ရထားပေါ်သို့ ဆွဲတင်လိုက်လေ၏။
သင်သည် ရှင်ဘုရင်ထံသို့ နံ့သာဆီဖြင့် သွား၏။ နံ့သာမျိုးများစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မွှေးကြိုင်စေ၏။ သင်၏သံတမန်တို့ကိုလည်း အဝေးသို့စေလွှတ်၏။ သင်သည် မရဏာနိုင်ငံတိုင်အောင် နိမ့်ကျ၏။
ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။
သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။
မြို့ပတ်ပတ်လည်၌ ငြာသံပေးကြ။ ဘေဘီလုံမြို့ လက်နက်ချအရှုံးပေးပြီ။ မျှော်စင်များ ပြိုလဲပြီ။ မြို့ရိုးလည်း ပြိုပျက်ပြီ။ ဤသည်ကား ထာဝရဘုရား၏လက်တုံ့ပြန်ခြင်းဖြစ်၏။ သူပြုခဲ့ဖူးသည့်အတိုင်း သူ့ကို ပြန်ပြုကြ။ သူ့ကို လက်တုံ့ပြန်ကြ။
ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။
သူသည် ပဋိညာဉ်ကိုချိုးဖောက်ခြင်းဖြင့် ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြုလျက် တစ်ပါးသူကို အကူအညီတောင်း၏။ ထိုသို့ပြုသောကြောင့် သူသည် ဘေးလွတ်မည်မဟုတ်’ဟု မိန့်တော်မူ၏။
ဧဖရိမ်သည် လေကိုစား၏။ အရှေ့လေနောက်သို့ လိုက်၏။ သူတို့ပြုသောလိမ်လည်မှု၊ အကြမ်းဖက်မှုတို့သည် တစ်နေ့ထက်တစ်နေ့ များများလာ၏။ အဆီးရီးယားတို့နှင့် ပဋိညာဉ်ဖွဲ့လျက်နှင့်ပင် အီဂျစ်ပြည်သို့ ဆီကို ပို့ပေး၏။
ဧဖရိမ်သည် မိမိရောဂါကို မြင်၍ ယုဒသည်လည်း မိမိဒဏ်ရာကို မြင်သောအခါ ဧဖရိမ်သည် အဆီးရီးယားသို့ သွား၏။ ယာရက်မင်းကြီးထံသို့ လူလွှတ်၏။ သို့သော် ထိုဘုရင်သည် သင်တို့ကို မကျန်းမာစေနိုင်၊ မကုသပေးနိုင်။
ဧဖရိမ်သည် အသိစိတ်မရှိ။ ယုံလွယ်သောချိုးငှက်နှင့်တူ၏။ အီဂျစ်ပြည်ကို အကူအညီတောင်း၍ အဆီးရီးယားပြည်သို့လည်း ပြေးသွားတတ်၏။
သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။