သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
မြည်တမ်းစကား 4:14 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လမ်းများပေါ်တွင် မမြင်မကန်းလှည့်လည်သွားလာနေကြ၏။ သူတို့သည် သွေးဖြင့်ညစ်စွန်းနေသောကြောင့် မည်သူမျှသူတို့အဝတ်ကို မထိဝံ့ကြ။ Common Language Bible မြို့၏ခေါင်းဆောင်တို့သည်အဘယ်သူမျှ မတို့မထိချင်အောင်သွေးများပေကျံလျက် လမ်းများတွင်မျက်မမြင်များကဲ့သို့ လှည့်လည်သွားလာနေကြ၏။ Garrad Bible ထို ပ ရော ဟိတ် နှင့် အ ကြီး အ ကဲ တို့ သည်၊ ရို သေ သူ၊ အား နာ သူ ကင်း လျက်၊ အ ဝတ် ကို မျှ လူ တို့ မ ထိ ဝံ့ သည့် တိုင် အောင်၊ အ သွေး စွန်း ကွက် လျက်၊ မျက် မ မြင် တို့ ကဲ့ သို့ စမ်း ယမ်း သွား လာ ရ ကြ၏။ ထွက် သွား ကြ လော့။ သင် တို့ မ သန့်၊ ထွက် သွား၊ ထွက် သွား လော့။ မ ထိ ခိုက် ကြ လင့် ဟု ခြိမ်း ချောက် သည့် အ တိုင်း၊ အ ခြား ပြည် သို့ ပြေး သွား ကြ သော်၊ ဤ တွင် မ နေ ရ ဟု၊ ထို ပြည် သား တို့ မြစ် တား ကြ ပြန်၏။ ထာ ဝ ရ ဘု ရား ကိုယ် တော် တိုင် ပင် ကွဲ လွင့် စေ သည့် အ လျောက်၊ နောင် အ ရေး ယူ တော် မူ မည် မ ဟုတ်။ Judson Bible ထိုသူတို့သည် အရူးကဲ့သို့လမ်း၌လှည့်လည်၍၊ လူအသွေးနှင့် လူးသောကြောင့်၊ သူတို့အဝတ်ကို အဘယ်သူမျှ မထိဝံ့။ |
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
သူ၏ကင်းစောင့်တို့သည် မျက်မမြင်များဖြစ်ကြ၏။ သူတို့အားလုံးသည် မည်သည့်အရာမျှမသိကြ။ ဆွံ့အသောခွေးများဖြစ်ကြ၏။ သူတို့သည် မဟောင်နိုင်ကြ။ အိပ်လျက်၊ လဲလျောင်းလျက်၊ ငိုက်မျဉ်းခြင်းကိုတပ်မက်လျက် နေကြ၏။
အပြစ်မဲ့သောဆင်းရဲသားတို့ဖောက်ထွင်းသည်ကို သင်မတွေ့။ သို့သော် သင့်အဝတ်အောက်စွန်း၌ သူတို့၏သွေးစွန်းသည်ကို တွေ့ရ၏။ ထိုသို့ဖြစ်လျက်နှင့်ပင်
ယေရမိသည် ထာဝရဘုရားမိန့်မှာတော်မူသောစကားအလုံးစုံတို့ကို ပြည်သူပြည်သားအပေါင်းတို့အား ဆင့်ဆိုပြီးသောအခါ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့သည် သူ့ကိုဖမ်းဆီး၍ “သင်သည် မုချသေရမည်။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူအသက်သတ်သောမိန်းမ ဖြစ်ကြသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်သူ၊ လူအသက်ကိုသတ်သူတို့ကိုစီရင်သည့်အတိုင်း ဖြောင့်မတ်သောသူတို့က သူတို့ကို စီရင်လိမ့်မည်။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
“ငါသည် လူတို့အပေါ်ဘေးဒုက္ခကျရောက်စေမည်။ သူတို့သည် မျက်မမြင်ကဲ့သို့သွားလာရလိမ့်မည်။ သူတို့သည် ထာဝရဘုရားကိုပြစ်မှားသောကြောင့် သူတို့သွေးသည် မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူတို့၏အသားသည် မစင်ကဲ့သို့လည်းကောင်း သွန်ပစ်ခံရမည်။”
လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ထိုသူတို့သည် မိမိတို့စိတ်နှလုံးမာကျောမှုနှင့် သူတို့ထဲ၌ရှိသည့် မသိနားမလည်မှုတို့ကြောင့် အသိဉာဏ်အမှောင်ဖုံး၍ ဘုရားသခင်၏အသက်နှင့်ကင်းကွာလျက်ရှိကြ၏။