သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
မြည်တမ်းစကား 4:1 - မြန်မာ့စံမီသမ္မာကျမ်း ရွှေသည် အရောင်မှိန်သွားပါပြီတကား။ ရွှေစင်သည် အရောင်ပြောင်းသွားပါပြီတကား။ သန့်ရှင်းရာဌာနမှ ကျောက်များသည်လည်း လမ်းဆုံလမ်းခွတို့၌ ပြန့်ကျဲနေပါပြီတကား။ Common Language Bible ပြောင်လက်သည့်ရွှေတို့သည်မှေးမှိန်၍ သွားလေပြီ။ ဗိမာန်တော်ကျောက်တို့သည်လည်း လမ်းများပေါ်တွင်ပြန့်ကျဲလျက်နေ၏။ Garrad Bible ရွှေ သည် အ ရည် မှိန် ခြင်း၊ သိင်္ဂ နိက် သည် အ ရည် ယုတ် ခြင်း၊ သန့် ရှင်း ရာ ဌာ န၏ ကျောက် မျက် များ သည်၊ လမ်း ဆုံ တိုင်း ၌ ကြဲ ပစ် ခြင်း၊ Judson Bible ရွှေသည် အလွန်သမ်းညိုသည်တကား။ အကောင်းဆုံးသော ရွှေသည် အလွန်ဖောက်ပြန်သည်တကား။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသောလမ်းဝတို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။ |
သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
အို နံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်မှ ကျလေပြီတကား။ တိုင်းနိုင်ငံတို့ကို အောင်နိုင်သောသင်သည် မြေသို့တိုင်ခုတ်လှဲခြင်းခံရလေပြီတကား။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
ညဥ့်ဦးယံ၌ ထ၍အော်ဟစ်လော့။ ရေကိုသွန်ချသကဲ့သို့ သင့်စိတ်နှလုံးကို ဘုရားရှင်၏ရှေ့တော်၌ ဖွင့်ချလော့။ သင့်ကလေးသူငယ်များ၏အသက်အတွက် ကိုယ်တော့်ထံတော်သို့ သင်၏လက်ကို မြှောက်လော့။ သူတို့သည် ငတ်မွတ်၍ လမ်းဆုံလမ်းခွတိုင်း၌ လဲကျကြလေပြီ။
“အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သည် ချော်နှင့်တူလေပြီ။ သူတို့အားလုံးသည် မီးပြင်းဖိုထဲမှ ကြေးနီ၊ သံဖြူ၊ သံ၊ ခဲများဖြစ်ကြပြီ။ ငွေစစ်ရာမှ ထွက်လာသောချော် ဖြစ်ကြပြီ။
“ထို့ကြောင့် ငါသည် ရှမာရိမြို့ကို ကွင်းပြင်တွင် အပြိုအပျက်ပုံ ဖြစ်စေမည်။ စပျစ်ခြံစိုက်ပျိုးရာနေရာ ဖြစ်စေမည်။ ထိုမြို့ရှိကျောက်တုံးများကို ချိုင့်ဝှမ်းထဲသို့ သွန်ချမည်။ အုတ်မြစ်များကိုလည်း လှန်ပစ်မည်။
ကိုယ်တော်ကလည်း“ဤအရာအားလုံးကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ဤကြီးမားသောအဆောက်အအုံများကို သင်မြင်သည်မဟုတ်လော။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု ထိုသူအား မိန့်တော်မူ၏။