အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
မြည်တမ်းစကား 3:33 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူသားတို့ကို ဒုက္ခဝေဒနာခံစားစေလိုသောသဘော၊ ဝမ်းနည်းကြေကွဲစေလိုသောသဘောရှိတော်မမူ။ Common Language Bible ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲစေ၍ ဝေဒနာခံစားစေသော်လည်းနှစ်မြို့တော်မမူပါ။ Judson Bible ဆင်းရဲစေချင်သော စိတ်နှင့် လူသားတို့ကိုညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည် မဟုတ်။ |
အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
အကျွန်ုပ်သည် ဒုက္ခဝေဒနာမခံစားရမီ လမ်းလွဲခဲ့ပါ၏။ ယခုမူကား ကိုယ်တော်၏မိန့်တော်မူချက်ကို စောင့်ထိန်းပါ၏။
ဒုက္ခဝေဒနာခံစားရခြင်းသည် အကျွန်ုပ်အတွက် ကောင်းပါ၏။ သို့မှ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်သင်ယူနိုင်မည်။
ထာဝရဘုရားသည် ပေရဇိန်တောင်ပေါ်မှာ ထတော်မူသကဲ့သို့၊ ဂိဗောင်ချိုင့်ဝှမ်းမှာ အမျက်ထွက်တော်မူသကဲ့သို့ ထူးဆန်းသောအမှုတော်ကို လုပ်ဆောင်တော်မူမည်။ ဆန်းသစ်သောအမှုတော်ကို ပြုတော်မူမည်။
ငါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသေစေလို။ ထို့ကြောင့် နောင်တရ၍ အသက်ရှင်သောလမ်းကို ရွေးလော့’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။