ထို့နောက်မှ ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်ဖြစ်လာလိမ့်မည်။ ထိုအခါ အီဂျစ်ပြည်၌ဝပြောခဲ့သမျှကိုမေ့လျော့ကြလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် တစ်ပြည်လုံးကိုဖျက်ဆီးလိမ့်မည်။
မြည်တမ်းစကား 3:17 - မြန်မာ့စံမီသမ္မာကျမ်း ငါ့စိတ်ဝိညာဉ်သည် ငြိမ်သက်ခြင်းကင်းလျက် ကောင်းစားခြင်းကိုလည်း မေ့လျော့လေပြီ။ Common Language Bible ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။ Garrad Bible သု ခ ကို မေ့ သည့် တိုင် အောင် အ ကျွန်ုပ် ကို၊ စည်း စိမ် ချမ်း သာ နှင့် ကင်း ဝေး စေ တော် မူ သည့် အ တိုင်း၊ Judson Bible ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာရွှေ့တော်မူသောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့၏။ |
ထို့နောက်မှ ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်ဖြစ်လာလိမ့်မည်။ ထိုအခါ အီဂျစ်ပြည်၌ဝပြောခဲ့သမျှကိုမေ့လျော့ကြလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် တစ်ပြည်လုံးကိုဖျက်ဆီးလိမ့်မည်။
ငါ့အသက်သည် လေသက်သက်သာဖြစ်ကြောင်း အောက်မေ့တော်မူပါ။ ကောင်းစားခြင်းကို ပြန်ကြုံတွေ့ရတော့မည်မဟုတ်ပါ။
ဆိုးယုတ်သောသူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို မရှာမှီးကြသောကြောင့် ကယ်တင်ခြင်းသည် သူတို့နှင့်ဝေးပါ၏။
ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
တောင်ကြီးတို့သည်ရွေ့သွား၍ တောင်ငယ်တို့သည် တုန်လှုပ်ကြလျှင်လည်း ငါ၏မေတ္တာကရုဏာသည် သင့်ထံမှမရွေ့ရ။ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ငါ၏ပဋိညာဉ်သည်လည်း မရွေ့ရ”ဟု မိန့်တော်မူ၏။
ငါတို့ရှိသမျှသည် ဝက်ဝံကဲ့သို့မာန်ဖီ၍ ခိုငှက်ကဲ့သို့ အလွန်ညည်းကြ၏။ တရားမျှတမှုကိုစောင့်မျှော်သော်လည်း မရနိုင်။ ကယ်တင်ခြင်းကိုစောင့်မျှော်သော်လည်း ငါတို့နှင့်ဝေးလှ၏။
အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။
ကိုယ်တော်သည် ယုဒပြည်ကို လုံးလုံးစွန့်ပစ်တော်မူပြီလော။ ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဇိအုန်မြို့ကို ရွံရှာတော်မူပြီလော။ အကျွန်ုပ်တို့ကို ကုသ၍မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။
ထာဝရဘုရားက “ငါသည် ဤလူမျိုးတို့ထံမှ ငါ၏ငြိမ်သက်ခြင်း၊ မေတ္တာကရုဏာ၊ သနားစုံမက်ခြင်းတို့ကို ရုပ်သိမ်းပြီ။ သို့ဖြစ်၍ အသုဘအိမ်ကို မဝင်နှင့်။ သွား၍ငိုကြွေးမြည်တမ်းခြင်း၊ နှစ်သိမ့်ခြင်း မပြုနှင့်”ဟု မိန့်တော်မူ၏။
ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးကိုမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။
ထို့ကြောင့် ငါငိုကြွေးနေရပြီ။ ငါ့မျက်စိမှ မျက်ရည်များစီးကျရလေပြီ။ နှစ်သိမ့်ပေးမည့်သူ၊ ငါ့စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးမည့်သူသည် ငါနှင့်အလှမ်းဝေးလေပြီ။ ရန်သူက အနိုင်ရသောကြောင့် ငါ့သားသမီးတို့ ညှိုးငယ်ရလေပြီ။
ထိုကာလမတိုင်မီ လူတို့သည် လုပ်အားခ မရ။ တိရစ္ဆာန်ငှားရမ်းခလည်း မရ။ ငါသည် လူအပေါင်းတို့အား အိမ်နီးချင်းအချင်းချင်း ရန်သူဖြစ်စေသဖြင့် သွားလာသောသူတို့သည် ရန်သူရှိသောကြောင့် လုံခြုံမှုမရှိခဲ့’ဟု မိန့်တော်မူ၏။