ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
မြည်တမ်းစကား 1:14 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် လက်တော်ဖြင့် ငါ့အပြစ်ထမ်းပိုးကို ငါ့လည်ပင်းပေါ် တင်တော်မူပြီ။ ချည်နှောင်တော်မူပြီ။ ငါ့ခွန်အားကိုချည့်နဲ့စေတော်မူ၍ ငါမတွန်းလှန်နိုင်သောသူတို့၏လက်ထဲသို့ ငါ့ကိုအပ်လိုက်တော်မူပြီ။ Common Language Bible ``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။'' Garrad Bible အ ရှင် ဘု ရား သည် လက် တော် ဖြင့် ငါ့ လွန် ကျူး မှု များ ကို၊ ထမ်း ပိုး သ ဖွယ် ကုပ် ပေါ် တွင် ကျစ် လိမ် ဖွဲ့ တင် လျက်၊ အား လျော့ စေ သည့် ပြင်၊ ခံ ရပ်၍ မ ရ သော သူ တို့ လက် အ တွင်း သို့၊ ငါ့ ကို အပ် နှင်း တော် မူ လေ ပြီ။ Judson Bible ငါပြစ်မှားသော အပြစ်ထမ်းပိုးကို လက်တော်နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ ချည်နှောင်ပြီးမှ၊ ထာဝရဘုရားသည် ငါ့ကိုအားလျော့စေ၍၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ။ |
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
အဆီးရီးယားလူမျိုးကို ငါ့ပြည်တွင် ချိုးဖဲ့မည်။ ငါ့တောင်များပေါ်တွင် ငါနင်းချေမည်။ သူ၏ထမ်းပိုးကို အစ္စရေးလူမျိုးတို့အပေါ်မှ ဖယ်ရှားမည်။ သူ၏ဝန်ကို အစ္စရေးလူမျိုးတို့၏ပခုံးပေါ်မှဖယ်ရှားမည်”ဟု ကျိန်ဆိုတော်မူ၏။
ငါ၏လူမျိုးတော်ကို ငါအမျက်ထွက်၏။ ငါ၏အမွေခံကို ငါရှုတ်ချ၍ သူတို့ကို သင့်လက်သို့ငါအပ်လိုက်၏။ သို့သော် သင်သည် သူတို့ကို သနားစုံမက်ခြင်းမရှိ။ အသက်ကြီးသူတို့ကိုပင် အလွန်လေးလံသောထမ်းပိုးကို ထမ်းစေ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ငါသည် ထိုစကားအလုံးစုံတို့ကို ယုဒဘုရင်ဇေဒကိမင်းကြီးအား လျှောက်တင်၏။ “အရှင်သည် ဘေဘီလုံဘုရင်၏ထမ်းပိုးကိုထမ်း၍ ထိုဘုရင်နှင့် သူ၏လူများကို အစေခံလျက် အသက်ရှင်ပါလော့။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
“ဟာနနိယထံသို့သွားပြီး ထာဝရဘုရားက ‘သင်ချိုးလိုက်သောသစ်သားထမ်းပိုးအစား သံထမ်းပိုးကို သင်ပြုလုပ်လေပြီ’ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤလူမျိုးအပေါင်းတို့၏ပခုံးပေါ်၌ သံထမ်းပိုးကို ငါတင်ပြီ။ သူတို့သည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စင်စစ်အစေခံရမည်။ တောရိုင်းတိရစ္ဆာန်များကိုလည်း သူ့အား ငါပေးအပ်လေပြီ’ဟူ၍ မိန့်တော်မူကြောင်းဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ထိုသို့ ထောင်ထဲ၌ချုပ်နှောင်ထားခြင်းခံရသောယေရမိကို ယုဒဘုရင်ဇေဒကိမင်းကြီးက “သင်သည် အဘယ်ကြောင့် ထာဝရဘုရားက ‘ဤမြို့ကို ဘေဘီလုံဘုရင်၏လက်ထဲသို့ ငါအပ်မည်။ သူသည် ထိုမြို့ကို သိမ်းယူလိမ့်မည်။
ဇေဒကိကို ဘေဘီလုံမြို့သို့ခေါ်ဆောင်သွားလိမ့်မည်။ သူ့ကို ငါထာဝရဘုရားအကြည့်အရှုမကြွလာမချင်း ထိုမြို့၌ သူနေရလိမ့်မည်။ သင်တို့သည် ခါလဒဲ၏တပ်ကို တိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်ဟု ပရောဖက်ပြုဟောပြောရသနည်း”ဟု မိန့်ဆို၏။
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့ကိုမြို့ထဲမှ နှင်ထုတ်မည်၊ တစ်ပါးအမျိုးသားတို့၏လက်သို့အပ်မည်၊ အပြစ်ဒဏ်ပေးမည်။
ငါ့အမျက်ကို သင့်အပေါ်သွန်ချမည်။ ဒေါသမီးဖြင့် မှုတ်ထုတ်ပစ်မည်။ သင့်ကို ရက်စက်ကြမ်းကြုတ်သော အဖျက်သမားတို့လက်သို့အပ်မည်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်မုန်းတီးသောသူတို့လက်သို့၊ သင်စွန့်ပစ်သွားခဲ့သောသူတို့လက်သို့ သင့်ကိုငါအပ်မည်။
သင်တို့ကို အရှေ့ပြည်သားတို့လက်သို့ အပိုင်ပေးအပ်မည်။ သူတို့သည် သင်တို့၌ စခန်းချ၊ တဲထိုးနေကြလိမ့်မည်။ သင်တို့၏အသီးအနှံများကို စားကြလိမ့်မည်။ သင်တို့၏နွားနို့များကိုလည်း သောက်ကြလိမ့်မည်။
ငါသည် လက်ကိုဆန့်၍ သင်တို့ကို ဆန့်ကျင်မည်။ သင်တို့ကို လုယက်ပစ္စည်းအဖြစ် လူမျိုးခြားတို့လက်သို့အပ်မည်။ လူမျိုးတကာတို့ထဲမှ ဖယ်ရှားပစ်မည်။ အတိုင်းတိုင်းအပြည်ပြည်ထဲမှ ဖျောက်ဖျက်ပစ်မည်။ သုတ်သင်ပယ်ရှင်းပစ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါသည် ဧဖရိမ်အဖို့ ခြင်္သေ့ကြီးကဲ့သို့လည်းကောင်း၊ ယုဒအမျိုးအနွယ်အဖို့ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်၏။ ငါကိုယ်တော်တိုင် သူတို့ကို ကိုက်ဖြဲပြီး ချီယူသွားမည်။ သူတို့ကို မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဤလူတို့အပေါ်ဘေးအန္တရာယ်ကျရောက်စေရန် ငါစီရင်ပြီ။ သင်တို့သည် ထိုဘေးကို သင်တို့လည်ပင်းမှ ဖယ်ရှားနိုင်မည်မဟုတ်။ ဘေးအန္တရာယ်ကျရောက်ရာကာလဖြစ်သောကြောင့် ထောင်လွှားသွားလာနိုင်ကြမည်မဟုတ်။
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။