မတရားသဖြင့်ရသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှလွတ်မြောက်စေတတ်၏။
မိက္ခာ 6:10 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူ၏အိမ်တွင် မတရားယူထားသောဥစ္စာ ရှိသေးသလော။ အဝင်ချင်းမတူသောဧဖာ ရှိသေးသလော။ Common Language Bible ဆိုးသွမ်းသောသူတို့၏အိမ်များတွင်မတ ရားသဖြင့် ရရှိထားသောဥစ္စာပစ္စည်းများ ရှိ၏။ သူတို့သည်မမှန်ကန်သည့်အခြင် အတွယ်တို့ကိုသုံးကြ၏။ ထိုမမှန်ကန် သည့်အခြင်အတွယ်တို့ကိုငါရွံရှာ၏။- Garrad Bible မ တ ရား သ ဖြင့် ရ သော ဘ ဏ္ဍာ နှင့်၊ အ မျက် တော် တိုက် တင်း ငယ် သည်၊ လူ ဆိုး တို့ အိမ် ၌ ရှိ သေး သ လော။ Judson Bible မတရားသောသူတို့၏အိမ်၌ မတရားသဖြင့် ဆည်းပူးသော ဥစ္စာနှင့်၊ ရွံရှာဖွယ်သော တင်းတောင်းငယ် ရှိသေးသလော။ |
မတရားသဖြင့်ရသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှလွတ်မြောက်စေတတ်၏။
မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
အချိန်ချင်းမတူသောအလေး၊ အဝင်ချင်းမတူသောခြင်တောင်း၊ ထိုနှစ်မျိုးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
အချိန်ချင်းမတူသောအလေးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မမှန်ကန်သောချိန်ခွင်သည်လည်း မကောင်းပေ။
မုသားသုံးသောလျှာဖြင့် ဥစ္စာဘဏ္ဍာများကိုဆည်းပူးခြင်းသည် လွင့်သွားသောအခိုးအငွေ့ဖြစ်ပြီး သေခြင်းကိုရှာဖွေခြင်းဖြစ်၏။
စင်စစ် သူတို့သည် မှန်ကန်ရာကို မပြုတတ်ကြ။ သူတို့၏ခံတပ်တွင် အကြမ်းဖက် လုယူထားသောပစ္စည်းကို သိုထားကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အာဇုတ်မြို့ခံတပ်များနှင့် အီဂျစ်ပြည်ခံတပ်များတွင် ကြွေးကြော်လော့။ “ရှမာရိတောင်ပေါ်မှာ စုဝေး၍ မြို့ထဲတွင် ဝရုန်းသုန်းကားမှုကြီးဖြစ်နေသည်ကို၊ ညှဉ်းပန်းနှိပ်စက်မှုဖြစ်နေသည်ကို ကြည့်ကြလော့။
ထာဝရဘုရားသည် မြို့ကို အော်ဟစ်မိန့်မြွက်တော်မူ၏။ ဉာဏ်ပညာရှိသောသူသည် နာမတော်ကို သိမြင်လေပြီ။ တောင်ဝှေးကိုလည်းကောင်း၊ တောင်ဝှေးအား ခန့်အပ်ထားသောအရှင်ကိုလည်းကောင်း နာခံလော့။
ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။
ငါကလည်း “ထိုအရာကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်သော် သူက “လွင့်မျောနေသောဧဖာဖြစ်၍ တစ်ပြည်လုံးကျူးလွန်သောအပြစ်ကို ပုံဖော်၏”ဟု ဆိုလေ၏။
ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ကျူးလွန်ရာရောက်စေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အမျက်ထွက်တော်မူ၏။