ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်၌ ရှိသမျှသောအရာတို့ကိုလည်းကောင်း၊ ကမ္ဘာလောကနှင့် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကိုလည်းကောင်း ပိုင်တော်မူ၏။
မိက္ခာ 4:13 - မြန်မာ့စံမီသမ္မာကျမ်း “အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။” Common Language Bible ထာဝရဘုရားက``ယေရုရှလင်မြို့သားတို့၊ ရန်သူများကိုချေမှုန်းရန်ချီတက်ကြလော့၊ ငါသည်သင်တို့အားသံဦးချိုနှင့်ကြေးဝါ ခွာများရှိသော နွားသိုးကဲ့သို့ခွန်အားပြည့် စေမည်။ သင်တို့သည်နိုင်ငံများစွာကိုချေမှုန်း နိုင်သဖြင့်အဋ္ဌမ္မနည်းဖြင့် သူတို့ရရှိထား သောဥစ္စာဘဏ္ဍာများကိုသိမ်းယူ၍ ကမ္ဘာကို အစိုးရသောငါထာဝရဘုရားအား ဆက်သလော့'' ဟုမိန့်တော်မူ၏။ Garrad Bible အို သ တို့ သ မီး ဇိ အုန်၊ ငါ သည် သင့် ဦး ချို ကို သံ၊ သင့် ခွာ ကို ကြေး သ ဖွယ် ဖြစ် စေ မည့် အ လျောက်၊ ထ၍ နင်း နယ် လော့။ သင် သည် လူ မျိုး ခြား အ မြောက် အ မြား ကို ချေ မွှ ပြီး လျှင်၊ ငါ ထာ ဝ ရ ဘု ရား အား သူ တို့ စီး ပွား ကို လည်း ကောင်း၊ မြေ တစ် ပြင် လုံး ပိုင် ရှင် ငါ ဘု ရား အား စည်း စိမ် ကို လည်း ကောင်း၊ လှူ ဒါန်း ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ Judson Bible အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့်ဦးချိုကို သံဖြင့်လည်းကောင်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်လည်းကောင်း ငါပြီးစေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။ |
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်၌ ရှိသမျှသောအရာတို့ကိုလည်းကောင်း၊ ကမ္ဘာလောကနှင့် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကိုလည်းကောင်း ပိုင်တော်မူ၏။
ဂျေရုဆလင်မြို့ရှိ ကိုယ်တော်၏ဗိမာန်တော်ကြောင့် ရှင်ဘုရင်တို့သည် ကိုယ်တော့်ထံသို့ လက်ဆောင်ပဏ္ဏာယူဆောင်လာကြပါလိမ့်မည်။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
ထိုအချိန်တွင် အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအတွက် လက်ဆောင်ပဏ္ဏာကို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့ ယူဆောင်လာကြလိမ့်မည်။
အနင်းနယ်ခံရသော တလင်းပြင်မှငါ့လူတို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံတော်မှ ငါကြားရသည့်အရာကို သင်တို့အား ငါပြောကြား၏။
သို့သော် ထိုမြို့၏အကျိုးအမြတ်နှင့် ဝင်ငွေတို့ကို ထာဝရဘုရားအား ဆက်ကပ်ကြရမည်။ စုဆောင်းခွင့်မရှိ၊ သိုမှီးခွင့်မရှိ။ ထိုမြို့၏အကျိုးအမြတ်သည် ထာဝရဘုရားရှေ့တော်၌နေသောသူတို့ ဝဝလင်လင်စားရရန်နှင့် ကောင်းကောင်းမွန်မွန်ဝတ်ရရန်အတွက် ဖြစ်လိမ့်မည်။
သူတို့၏မြားတို့သည် ချွန်ထက်၍ သူတို့၏လေးရှိသမျှတို့သည်လည်း တင်ထားလျက်ရှိ၏။ မြင်းတို့၏ခွာသည် မီးခတ်ကျောက်နှင့်တူသည်ဟုထင်ရ၏။ စစ်ရထားဘီးတို့သည် လေပွေကဲ့သို့ဖြစ်၏။
ထာဝရဘုရားက “သင်သည် ငါ့အဖို့ စစ်တင်းပုတ်၊ စစ်လက်နက်ဖြစ်၏။ ငါသည် သင့်အားဖြင့် လူမျိုးတကာတို့ကို တကွဲတပြားဖြစ်စေမည်။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးပစ်မည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဘေဘီလုံသမီးပျိုသည် တလင်းနယ်ချိန်၌ နင်းနယ်ခံရသောကောက်နယ်တလင်းနှင့်တူ၏။ တစ်ခဏချင်းတွင် ရိတ်သိမ်းချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ဧဖရိမ်အမျိုးသည် တလင်းနယ်ရာတွင် ကျင့်သားရသောနွားမတမ်းဖြစ်၏။ တလင်းနယ်ရသည်ကိုလည်းနှစ်သက်သဖြင့် ငါသည် ချောမွတ်သောသူ့လည်ပင်းပေါ်တွင် ထမ်းပိုးတင်မည်။ ငါသည် ဧဖရိမ်အမျိုးကို ထမ်းပိုးထမ်းစေမည်။ ယုဒအမျိုးကို လယ်ထွန်စေမည်။ ယာကုပ်အမျိုးကို ထယ်ထိုးစေမည်။”
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
ကိုယ်တော်သည် မြေတစ်ပြင်လုံးသို့ အမျက်နှင့်ချီသွား၍ ဒေါသနှင့် လူမျိုးတကာတို့ကိုနင်းချေတော်မူပါ၏။
ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ငါသည် ယုဒသူကြီးတို့ကို ထင်းမီးဖို၊ ကောက်လှိုင်းမီးတုတ် ဖြစ်စေသဖြင့် လက်ယာဘက်၊ လက်ဝဲဘက် ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ကို လောင်ကျွမ်းလိမ့်မည်။ ဂျေရုဆလင်မြို့မူကား ယခင်နေရာဖြစ်သည့် ဂျေရုဆလင်မြို့၌ တည်ရှိလိမ့်မည်။
သူကလည်း “ဤအရာများကား မြေတစ်ပြင်လုံး၏အရှင်ရှေ့၌ ခစားသော ဘိသိက်ခံရသူနှစ်ဦးကို ဆိုလိုသည်”ဟု မိန့်ဆိုလေ၏။
ကောင်းကင်တမန်က ငါ့အား “ဤအရာများကား မြေကြီးတစ်ပြင်လုံး၏အရှင်ရှေ့တော်၌ ခစားရာမှ ထွက်လာသော မိုးကောင်းကင်မှ လေလေးပါးဖြစ်၏။
ငါလာသောအခါမှ အလှူကောက်ခံခြင်းမရှိစေရန် ရက်သတ္တပတ်၏ပထမနေ့တိုင်းတွင် သင်တို့တစ်ဦးစီသည် မိမိတို့ကြီးပွားသည့်အတိုင်း တစ်စုံတစ်ခုကိုဖယ်ထား၍ စုဆောင်းထားကြလော့။
သင်၏တံခါးကျင်တို့သည် သံနှင့်ကြေးနီဖြစ်မည်။ သင်အသက်ရှင်သမျှကာလပတ်လုံး လုံခြုံစွာနေရမည်။
ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်အလုံးစုံတို့မူကား ထာဝရဘုရားအဖို့ သန့်ရှင်းသည်ဖြစ်၍ ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ သွင်းရမည်”ဟု ဆိုလေ၏။