Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟ​ဗက္ကုတ် 3:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ကိုယ်တော်​သည် မြေ​တစ်ပြင်လုံး​သို့ အမျက်​နှင့်​ချီသွား​၍ ဒေါသ​နှင့် လူမျိုးတကာ​တို့​ကို​နင်းချေ​တော်မူ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ကိုယ် တော် သည် မြေ ပ ထ ဝီ တ ရှောက်၊ အ မျက် တော် နှင့် ချီ ကြွ လျက်။ လူ မျိုး များ ကို ဒေါ သ နှင့် နှင်း နယ် လျက်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​မျက်​တော်​ထွက်​လျက် တစ်​ပြည်​လုံး ချီ​သွား၍၊ ဒေါ​သ​စိတ်​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို နင်း​နယ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟ​ဗက္ကုတ် 3:12
14 ပူးပေါင်းရင်းမြစ်များ  

ဘုရားရှင်​သည် သင်​၏​လက်ယာ​ဘက်​တွင် ရှိ​တော်မူ​၏​။ ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​နေ့​၌ ရှင်ဘုရင်​တို့​ကို ချေမှုန်း​တော်မူ​လိမ့်မည်​။


အို ဘုရားသခင်​၊ ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​၏​ရှေ့​မှ​ကြွ​ပြီး ကန္တာရမြေ​ကို​ကျော်ဖြတ်​ချီတက်​တော်မူ​သောအခါ(​စေလာ)


ထို့နောက် လူမျိုးခြား​တို့​ကို သူ​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​ပြီး အမွေ​အဖြစ် တိုင်းတာ​သတ်မှတ်​ထား​သော​နယ်မြေ​အလိုက် သူ​တို့​ကို​ခွဲဝေ​ပေး​၍ အစ္စရေး​အမျိုးအနွယ်​တို့​အား မိမိ​တို့​တဲ​များ​၌ နေထိုင်​စေ​တော်မူ​၏​။


အကယ်စင်စစ် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​အမျက်​တော်​ကြောင့် ပျက်စီး​ကြ​ရ​ပါ​၏​။ ကိုယ်တော်​၏​အမျက်ဒေါသ​ကြောင့် ထိတ်လန့်​ခြင်း​ရှိ​ကြ​ပါ​၏​။


ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို အသွား​ထက်​သည့် ကောက်နယ်​တန်ဆာပလာ​အသစ်​ဖြစ်စေ​မည်​။ သင်​သည် တောင်ကြီး​တို့​ကို နင်းနယ်​၍ ညက်ညက်ကြေ​စေ​မည်​။ တောင်ငယ်​တို့​ကို ဖွဲ​ကဲ့သို့​ဖြစ်စေ​မည်​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဘေဘီလုံ​သမီးပျို​သည် တလင်းနယ်​ချိန်​၌ နင်းနယ်​ခံရ​သော​ကောက်နယ်တလင်း​နှင့်​တူ​၏​။ တစ်ခဏချင်း​တွင် ရိတ်သိမ်း​ချိန်​ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “ဒမတ်စကပ်​မြို့သား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ဂိလဒ်​ပြည်​ကို ကောက်နယ်​သံ​တလိမ့်တုံး​ဖြင့် နင်းနယ်​လေ​ပြီ​။


ငါ​အနည်းငယ်​အမျက်ထွက်​၍ ဂျေရုဆလင်​မြို့​ကို ဘေးပြုဆုံးမ​စေ​သော်လည်း ငြိမ်းချမ်း​စွာ​နေ​ရ​သော​လူမျိုးခြား​တို့​သည် ပို၍ ပြု​ကြ​သောကြောင့် သူ​တို့​ကို ငါ​အလွန်​အမျက်ထွက်​၏’​ဟု မိန့်​တော်မူ​၏​။


ထို့နောက် ခါနာန်​ပြည်​ရှိ​လူမျိုး​ခုနစ်​မျိုး​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​တိုင်းပြည်​ကို လူမျိုး​တော်​အား အမွေ​အဖြစ်​ခွဲဝေ​ပေး​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ