အကယ်၍ မြို့တစ်မြို့မြို့သို့ ဆုတ်သွားလျှင် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြိုးကိုယူလာပြီး မြို့ထဲတွင် ကျောက်စရစ်ခဲတစ်ခဲမျှမကျန်အောင် ထိုမြို့ကို ချိုင့်ဝှမ်းထဲသို့ အကျွန်ုပ်တို့ဆွဲချပစ်မည်”ဟု လျှောက်လေ၏။
မိက္ခာ 1:6 - မြန်မာ့စံမီသမ္မာကျမ်း “ထို့ကြောင့် ငါသည် ရှမာရိမြို့ကို ကွင်းပြင်တွင် အပြိုအပျက်ပုံ ဖြစ်စေမည်။ စပျစ်ခြံစိုက်ပျိုးရာနေရာ ဖြစ်စေမည်။ ထိုမြို့ရှိကျောက်တုံးများကို ချိုင့်ဝှမ်းထဲသို့ သွန်ချမည်။ အုတ်မြစ်များကိုလည်း လှန်ပစ်မည်။ Common Language Bible ထို့ကြောင့်ထာဝရဘုရားက``ငါသည် ရှမာရိမြို့ကိုကွင်းပြင်၌မြို့ပျက်ကဲ့ သို့လည်းကောင်း၊ စပျစ်ပင်စိုက်ရာအရပ် ကဲ့သို့လည်းကောင်းဖြစ်စေမည်။ ငါသည် မြို့ပျက်မှကျောက်တုံးကျောက်ခဲတို့ကို ချိုင့်ဝှမ်းထဲသို့သွန်ချ၍မြို့အောက်ခြေ ကိုလှန်ပစ်မည်။- Garrad Bible သို့ ဖြစ်၍ ငါ သည်၊ ရှ မာ ရိ မြို့ ကို၊ တော ခြေ ရှိ မြို့ ပျက်၊ စ ပျစ် ခင်း သ ဖွယ် ဖြစ် စေ လျက်၊ အ ခြေ အ မြစ် ဟင်း လင်း ပေါ် အောင်၊ ကျောက် များ ကို ချိုင့် ထဲ သို့ ပစ် ချ မည့် အ လျောက်၊ Judson Bible ထိုကြောင့်၊ ရှမာရိမြို့ကို လယ်ပြင်၌ မြေပုံကဲ့သို့လည်းကောင်း၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ်၍၊ မြို့ရိုးအမြစ်ကို လှန်ပြမည်။ |
အကယ်၍ မြို့တစ်မြို့မြို့သို့ ဆုတ်သွားလျှင် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြိုးကိုယူလာပြီး မြို့ထဲတွင် ကျောက်စရစ်ခဲတစ်ခဲမျှမကျန်အောင် ထိုမြို့ကို ချိုင့်ဝှမ်းထဲသို့ အကျွန်ုပ်တို့ဆွဲချပစ်မည်”ဟု လျှောက်လေ၏။
သုံးနှစ်ပြည့်ပြီးမှ သိမ်းပိုက်နိုင်ခဲ့၏။ ရှမာရိမြို့သည် ဟေဇကိမင်းကြီး နန်းစံခြောက်နှစ်၊ အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံကိုးနှစ်တွင် သိမ်းပိုက်ခြင်းခံခဲ့ရ၏။
ဟေဇကိမင်းကြီး နန်းစံလေးနှစ်၊ ဧလာမင်းကြီး၏သားတော် အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံခုနစ်နှစ်တွင် အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီးသည်စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းရံထားပြီး
ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည့်အကြောင်း ရှေးကာလကပင် ငါစီမံထားခဲ့သည့်အတိုင်း ယခု ငါဖြစ်စေပြီ။
ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ “ကြည့်ရှုလော့။ ဒမတ်စကပ်မြို့သည် မြို့အဖြစ်ရှိနေတော့မည်မဟုတ်။ ယိုယွင်းပျက်စီးရာအစုအပုံ ဖြစ်လိမ့်မည်။
ထိုပြည်၏မြင့်မားသောခံတပ်မြို့ရိုးကို နှိမ့်ချဖြိုလှဲတော်မူမည်။ မြေတိုင်အောင်၊ မြေမှုန့်တိုင်အောင် ရောက်စေတော်မူမည်။
အကယ်စင်စစ် ကိုယ်တော်သည် မြို့ကိုကျောက်ပုံဖြစ်စေ၍ ခိုင်ခံ့သောမြို့ကို ပြိုပျက်ရာဖြစ်စေ၏။ တစ်ပါးအမျိုးသားတို့၏နန်းတော်တည်ရာမြို့သည် မြို့အဖြစ်ရှိတော့မည်မဟုတ်။ မည်သည့်အခါမျှ ပြန်လည်တည်ဆောက်တော့မည်မဟုတ်။
သင်သည် ရှမာရိတောင်ပေါ်တွင် စပျစ်ခြံကို ပြန်လည်စိုက်ပျိုးရလိမ့်မည်။ စိုက်ပျိုးသောသူတို့သည် အသီးကို စားရလိမ့်မည်။
ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံပြည်သည် နေထိုင်သူမရှိဘဲ အပျက်အစီးပုံကြီး၊ ခွေးအတို့ခိုအောင်းရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ ဖြစ်မည်။
“ငါသည် ဂျေရုဆလင်မြို့ကို ကျောက်ပုံဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာ ဖြစ်စေမည်။ ယုဒမြို့များကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်။”
ရွှေသည် အရောင်မှိန်သွားပါပြီတကား။ ရွှေစင်သည် အရောင်ပြောင်းသွားပါပြီတကား။ သန့်ရှင်းရာဌာနမှ ကျောက်များသည်လည်း လမ်းဆုံလမ်းခွတို့၌ ပြန့်ကျဲနေပါပြီတကား။
သင်တို့ထုံးဖြူသုတ်ခဲ့သောမြို့ရိုးကို မြေတိုင်အောင် ဖြိုချမည်။ အုတ်မြစ်ကို လှန်ပစ်မည်။ ထိုပြိုကျသွားသောမြို့ရိုးနှင့်အတူ သင်တို့ပါ ပျက်စီးသွားမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ရှမာရိသည် မိမိ၏ဘုရားသခင်ကို ပုန်ကန်သောကြောင့် အပြစ်သင့်လေပြီ။ သူတို့သည် ဓားဘေးဖြင့် ကျဆုံးလိမ့်မည်။ သူတို့၏ကလေးသူငယ်တို့သည် ကိုင်ပေါက်ခံရလိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းသည်လည်း ခွဲဖောက်ခံရလိမ့်မည်။
သင်တို့သည် ဆင်းရဲသားကို ဖိနှိပ်၍ သူ့ထံမှ ဂျုံစပါးအခွန်အတုတ်ကို တောင်းခံကြ၏။ ထို့ကြောင့် ကျောက်ဆစ်အိမ်များကို ဆောက်သော်လည်း ထိုအိမ်များတွင် သင်တို့နေရမည်မဟုတ်။ စပျစ်ခြံများကောင်းကောင်းမွန်မွန်စိုက်ပျိုးသော်လည်း ထိုခြံမှထွက်သောစပျစ်ဝိုင်ကို သောက်ရမည်မဟုတ်။
ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်ရန်နှင့် ကိုယ်တော်ဘိသိက်ပေးထားသောသူကိုကယ်တင်ရန် ကြွလာတော်မူပြီ။ အိမ်ကို အုတ်မြစ်မှအမိုးတိုင်အောင်လှန်ပစ်သကဲ့သို့ ဆိုးယုတ်သောအမျိုးအနွယ်၏အကြီးအမှူးကို ချေမှုန်းတော်မူ၏။ (စေလာ)
ကိုယ်တော်ကလည်း“ဤအရာအားလုံးကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။