ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
မိက္ခာ 1:2 - မြန်မာ့စံမီသမ္မာကျမ်း အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။ Common Language Bible လူမျိုးအပေါင်းတို့၊ကြားနာကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့နားထောင် ကြလော့။ အရှင်ထာဝရဘုရားသည်သင်တို့တစ် ဘက်မှ သက်သေခံတော်မူမည်။ နားထောင်ကြလော့၊ ထာဝရဘုရားသည်ကောင်းကင်ဘုံရှိဗိမာန် တော်မှ မိန့်ကြားတော်မူ၏။ Garrad Bible အို လူ မျိုး အ ပေါင်း တို့၊ နာ ခံ ကြ လော့။ အို မြေ ပ ထ ဝီ နှင့် ရှိ ရှိ သ မျှ ပါ၊ နား စိုက် ကြ လော့။ အ ရှင် ထာ ဝ ရ ဘုရား သည်၊ သန့် ရှင်း သော ဗိ မာန် တော် မှ၊ သင် တို့ တစ် ဘက်၌ သက် သေ ခံ တော် မူ လ တ္တံ့။ Judson Bible အို လူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည်နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင်ထာဝရဘုရားတည်းဟူသော သန့်ရှင်းသောဗိမာန်တော်ထဲက ဘုရားရှင်သည် သင်တို့တစ်ဖက်၌ သက်သေခံတော်မူမည်။ |
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာ အမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်၌ ရှိသမျှသောအရာတို့ကိုလည်းကောင်း၊ ကမ္ဘာလောကနှင့် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကိုလည်းကောင်း ပိုင်တော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီ အော်ဟစ်တောင်းခံသောအခါ၌လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသောဗျာဒိတ်ဌာနဘက်သို့ အကျွန်ုပ်လက်ကိုမြှောက်သောအခါ၌လည်းကောင်း၊ အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူပါ။
ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
ငါဆာလောင်မွတ်သိပ်ခဲ့လျှင်ပင် သင့်ကို ငါပြောမည်မဟုတ်။ အကြောင်းမူကား ကမ္ဘာလောကမှစ၍ ၎င်းတွင်ရှိသမျှသောအရာတို့ကို ငါပိုင်၏။
“အို ငါ့လူမျိုးတော်၊ နားထောင်လော့။ ငါမိန့်ဆိုမည်။ အို အစ္စရေးလူမျိုး၊ ငါသည် သင့်တစ်ဖက်၌သက်သေခံမည်။ ငါသည် ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။
အချင်းလူတို့၊ သင်တို့ကိုငါခေါ်၏။ ငါ့အသံကို လူသားတို့ထံသို့ ငါလွှင့်၏။
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
လောကသားအပေါင်းတို့၊ မြေကြီးသားအပေါင်းတို့၊ တောင်များပေါ်တွင် အချက်ပြအလံကိုလွှင့်ထူသောအခါ သင်တို့ကြည့်ကြလော့။ တံပိုးကိုမှုတ်သောအခါ သင်တို့ နားထောင်ကြလော့။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောကြောင့် ငါသည် အသရေမပျက်ရ။ ကိုယ့်မျက်နှာကို မီးခတ်ကျောက်ကဲ့သို့ထား၏။ အရှက်ကွဲရလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
သူတို့သည် အစ္စရေးလူမျိုးတို့၌ ယုတ်ညံ့သောအမှုကိုပြုကြ၏။ အိမ်နီးချင်းတို့၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ ငါမမိန့်မှာဘဲ ငါ့နာမဖြင့် မဟုတ်မမှန်သောစကားကို ပြောဆိုကြ၏။ ငါသည် သိ၏။ ငါသည် သက်သေဖြစ်၏ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ပါရှိ၏။
သူတို့ကလည်း ယေရမိအား “အရှင်မှတစ်ဆင့် အကျွန်ုပ်တို့အား အရှင်၏ဘုရားသခင်ထာဝရဘုရားမိန့်ဆိုသမျှကို အကျွန်ုပ်တို့မပြုလျှင် ထာဝရဘုရားသည် အကျွန်ုပ်တို့အတွက် မှန်ကန်သောသက်သေ၊ သစ္စာရှိသောသက်သေဖြစ်တော်မူပါစေ။
အို ကမ္ဘာမြေကြီး၊ နားထောင်လော့။ ဤလူမျိုးသည် ငါ့စကားကို အာရုံမစိုက်။ ငါ၏ပညတ်တရားကိုလည်း ငြင်းပယ်ကြသောကြောင့် ငါသည် သူတို့ထံသို့ သူတို့အကြံအစည်၏အကျိုးဆက်ဖြစ်သည့် ဘေးအန္တရာယ်ကို ယူဆောင်လာမည်။
အကျွန်ုပ်စိတ်ဝိညာဉ် ညှိုးငယ်သောအခါ ထာဝရဘုရားကို အောက်မေ့ပါ၏။ အကျွန်ုပ်ဆုတောင်းသံသည် ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ ရောက်ပါ၏။
အချည်းနှီးသောရုပ်တုများထံ ဆည်းကပ်သောသူတို့သည် ကရုဏာတော်ကို စွန့်ပယ်သောသူများ ဖြစ်ကြပါ၏။
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
သို့သော် သင်တို့က “အဘယ်ကြောင့်နည်း”ဟု မေးလျှင် အကယ်စင်စစ် သင်နှင့် သင်ငယ်စဉ်က ပေါင်းဖော်ခဲ့သောသင့်မယားကြားတွင် ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ သင်သည် သင့်ဘဝဖော်၊ သင်နှင့်ကတိသစ္စာပြုထားသောမယားကို သစ္စာဖောက်သောကြောင့်ဖြစ်၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
မောရှေမြွက်ဆိုသည်မှာ “အို ကောင်းကင်၊ စူးစိုက်နားထောင်လော့။ ငါပြောမည်။ အို မြေကြီး၊ ငါ့နှုတ်ထွက်စကားများကို နားထောင်လော့။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအပေါ် ဒုတိယသေခြင်းနှင့်ဆိုင်သောဘေးအန္တရာယ်သည် မည်သည့်အခါမျှ သင့်ရောက်လိမ့်မည်မဟုတ်။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထာဝရဘုရား ကြားသိတော်မူပါ၏။ သင်ပြောသည့်အတိုင်း ငါတို့လုပ်ပါမည်”ဟု ဆိုကြ၏။