နာမတော်၏ဘုန်းအသရေသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။ သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသော ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
မာလခိ 3:8 - မြန်မာ့စံမီသမ္မာကျမ်း “လူသည် ဘုရားသခင်ထံမှ လုယူရမည်လော။ မှန်ပေ၏။ သင်တို့သည် ငါ့ထံမှလုယူကြပြီ။ သို့သော် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ထံမှ မည်သို့လုယူသနည်း’ဟု မေးလျှင် သင်တို့သည် ဆယ်ဖို့တစ်ဖို့နှင့် အလှူပစ္စည်းတို့ကို လုယူကြပြီ။ Common Language Bible လူသည်ဘုရားသခင်ကိုလိမ်လည်လှည့်စား အပ်ပါသလောဟု သင်တို့အားငါမေးပါ ၏။ ဤသို့မပြုအပ်သော်လည်းသင်တို့သည် ငါ့အားလိမ်လည်လှည့်စားလျက်နေပေ သည်။ သင်တို့က`ကျွန်တော်မျိုးတို့သည် အဘယ်သို့လိမ်လည်လှည့်စားကြပါ သနည်း' ဟုဆိုပါမူဆယ်ဖို့တစ်ဖို့အလှူ နှင့်ပူဇော်သကာများဆက်သမျှဟူ၍ ဖြေရပေမည်။- Garrad Bible ငါ့ ကို တွန့် တို ကြ သည် မှာ၊ လူ သည် ဘု ရား သ ခင် ကို တွန့် တို ဝံ့ မည် လော။ မည် သည့် ဥ စ္စာ နှင့် တွန့် တို ဘိ သ နည်း ဟု မေး ကြ လျှင်၊ ဆယ် ဖို့ တစ် ဖို့ အ လှူ၊ မြှောက် ဆက် ရာ အ လှူ များ နှင့် တည်း။ Judson Bible လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း၊ သင်တို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သကာတို့ကိုလည်းကောင်း လုယူကြပြီ။ |
နာမတော်၏ဘုန်းအသရေသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။ သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသော ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။ ပေးသင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏။
သင်သည် မီးရှို့ရာယဇ်အတွက် သိုးကို ငါ့ထံသို့မယူဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းခြင်းမပြု။ ငါသည် ပူဇော်သက္ကာအားဖြင့် သင့်ကို ဝန်လေးစေသည်မဟုတ်။ လော်ဗန်အားဖြင့်လည်း သင့်ကို ပင်ပန်းစေခဲ့သည်မဟုတ်။
ငါးနှစ်မြောက်၌ သီးသောအသီးကို သင်တို့စားသုံးနိုင်၏။ သို့ပြုလျှင် သင်တို့၏သီးနှံတိုးပွားလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထိုအခါ သူက “ဤစာလိပ်သည် မြေတစ်ပြင်လုံးသို့လွင့်ပျံနေသည့်ကျိန်စာ ဖြစ်၏။ သူခိုးရှိသမျှသည် ထိုစာလိပ်ပါအတိုင်း အပြစ်ဒဏ်ခံရကြလိမ့်မည်။ မဟုတ်မမှန်ကျိန်ဆိုသူရှိသမျှတို့သည်လည်း ထိုစာလိပ်ပါအတိုင်း အပြစ်ဒဏ်ခံရကြလိမ့်မည်”ဟု ဆို၏။
သင်တို့သည် နှာခေါင်းရှုံ့လျက် ‘ငြီးငွေ့ဖွယ်ကောင်းလှသည်တကား’ဟု ဆိုပြီး လုယူထားသောအကောင်၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယူဆောင်လာ၍ ယဇ်ပူဇော်ကြ၏။ ထိုသို့သော သင်တို့၏ပူဇော်သက္ကာကို ငါလက်ခံရမည်လော”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “မျက်စိကန်းသောအကောင်ကို ယဇ်ပူဇော်ရန် ယူဆောင်လာခြင်းသည် အပြစ်မဟုတ်လော၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယဇ်ပူဇော်ခြင်းသည် အပြစ်မဟုတ်လော၊ ထိုသို့သောအကောင်ကို သင့်ဘုရင်ခံအား ဆက်သကြည့်ပါလော့။ သူလက်ခံပြီး သင့်ကို မျက်နှာသာပေးလိမ့်မည်လော”ဟု မိန့်တော်မူ၏။
သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သို့ဖြစ်လျှင် ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူရာ သူတို့သည် ကိုယ်တော်ကိုအံ့သြကြ၏။
ကိုယ်တော်ကလည်း“ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။
အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။
အစ္စရေးလူမျိုးတို့ အပြစ်ပြုကြပြီ။ သူတို့အား ငါပညတ်ထားသည့် ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။ သူတို့သည် ကျိန်ခြင်းခံရသောအရာကို ယူကြပြီ။ ထိုအရာတို့ကို ခိုးယူပြီး လိမ်ညာကြ၏။ မိမိတို့ပစ္စည်းတို့နှင့်အတူ ရောထားကြပြီ။