အာဗြဟံကလည်း “ဤအရပ်ရှိလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝမရှိကြပါ။ သို့ဖြစ်၍ သူတို့သည် အကျွန်ုပ်၏မယားအတွက်ကြောင့် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်၍ ထိုသို့ပြုမိပါပြီ။
မာလခိ 3:5 - မြန်မာ့စံမီသမ္မာကျမ်း “သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် တ ရား စီ ရန် ချဉ်း လာ လျက်၊ ငါ့ ကို မ ခန့် ညား ဘဲ စုန်း တတ် သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ မု သာ ကျိန် ဆို သူ၊ သူ ရင်း ခ မ ပေး သူ၊ မု ဆိုး မ နှင့် ဖ သက် ဆိုး တို့ ကို ညှဉ်း ပန်း သူ၊ ဝင် နေ ကပ် ပါး ကို အ လွဲ စီ ရင် သူ တို့ တစ် ဘက်၌၊ အ လျင် အ မြန် သက် သေ ခံ မည်။ Judson Bible သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။ |
အာဗြဟံကလည်း “ဤအရပ်ရှိလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝမရှိကြပါ။ သို့ဖြစ်၍ သူတို့သည် အကျွန်ုပ်၏မယားအတွက်ကြောင့် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်၍ ထိုသို့ပြုမိပါပြီ။
သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
ပျက်စီးခြင်းနိုင်ငံတိုင်အောင် လောင်ကျွမ်းသောမီး၊ ငါ၏ကောက်ပဲသီးနှံပင်အားလုံးကို အမြစ်ပါမကျန် လောင်ကျွမ်းသောမီးဖြစ်၏။
ကျွန်သည် အရိပ်ကိုတောင့်တမိသကဲ့သို့၊ သူရင်းငှားသည် လုပ်အားခကို မျှော်နေရသကဲ့သို့ ဖြစ်ပါသည်တကား။
ဆိုးယုတ်သောသူကျူးလွန်သောအပြစ်နှင့်ပတ်သက်၍ ငါ၏စိတ်နှလုံးအထဲမှမိန့်ကြားတော်မူချက်မှာ “သူ၏မျက်စိရှေ့တွင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိ။
အို ငါ့လူမျိုးတော်၊ နားထောင်လော့။ ငါသည် သင့်ကိုသတိပေးမည်။ အို အစ္စရေးလူမျိုး၊ သင့်အား ငါ့စကားကိုနားထောင်စေလို၏။
အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူ၏။ ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကိုယ်တော်ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို မိမိ၏သစ္စာတော်ဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။
ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
မေတ္တာကရုဏာနှင့်သမ္မာတရားအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ၍ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအားဖြင့် မကောင်းမှုမှဖယ်ခွာနိုင်၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
စုန်းမသား၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပြည့်တန်ဆာအမျိုးအနွယ်တို့၊ ချဉ်းကပ်ကြလော့။
အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်သူတို့နှင့် ပြည့်လျက်နေ၏။ အကျိန်ခံရသောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်းကြ၏။ တောကန္တာရစားကျက်မြေများလည်း ခြောက်သွေ့လျက်ရှိ၏။ သူတို့သည် ဆိုးညစ်စွာအသက်ရှင်ကြ၏။ သူတို့၏ခွန်အားကို မမှန်မကန်အသုံးချကြ၏။
သင်တို့အား သင်တို့၏ပြည်မှ အဝေးသို့လွင့်ထွက်သွားစေရန်နှင့် ငါသည် သင်တို့ကိုနှင်ထုတ်၍ သင်တို့ပျက်စီးသွားစေရန် သူတို့သည် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏။
သို့ဖြစ်၍ သင်တို့သည် ဘေဘီလုံဘုရင်ကို အစေခံရမည်မဟုတ်ဟု ဆိုသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၊ အိပ်မက်နိမိတ်ရသူများ၊ ဗေဒင်ဆရာများနှင့် မှော်ဆရာများ၏စကားကို နားမထောင်ကြနှင့်။
သူတို့သည် အစ္စရေးလူမျိုးတို့၌ ယုတ်ညံ့သောအမှုကိုပြုကြ၏။ အိမ်နီးချင်းတို့၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ ငါမမိန့်မှာဘဲ ငါ့နာမဖြင့် မဟုတ်မမှန်သောစကားကို ပြောဆိုကြ၏။ ငါသည် သိ၏။ ငါသည် သက်သေဖြစ်၏ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ပါရှိ၏။
သူတို့ကလည်း ယေရမိအား “အရှင်မှတစ်ဆင့် အကျွန်ုပ်တို့အား အရှင်၏ဘုရားသခင်ထာဝရဘုရားမိန့်ဆိုသမျှကို အကျွန်ုပ်တို့မပြုလျှင် ထာဝရဘုရားသည် အကျွန်ုပ်တို့အတွက် မှန်ကန်သောသက်သေ၊ သစ္စာရှိသောသက်သေဖြစ်တော်မူပါစေ။
သူတို့က ‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု ဆိုကြလျက်ပင် မဟုတ်မမှန်ကျိန်ဆိုတတ်ကြ၏”ဟု မိန့်တော်မူ၏။
ထိုသို့သောအမှုအရာများကြောင့် ငါသည် ဒဏ်မခတ်ဘဲနေရမည်လော။ ထိုသို့သောလူမျိုးကို ငါကိုယ်တိုင် လက်တုံ့မပြန်ဘဲနေရမည်လော’ဟု ထာဝရဘုရားမိန့်တော်မူ၏။
မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
ယောက်ျားထဲတွင်ဖြစ်စေ၊ မိန်းမထဲတွင်ဖြစ်စေ နတ်ဝင်သည်၊ သို့မဟုတ် နတ်ထိန်းရှိလျှင် မုချအသတ်ခံရမည်။ ထိုသို့သောသူတို့ကို ခဲနှင့်ပေါက်သတ်ရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
တစ်စုံတစ်ယောက်သည် နတ်ဝင်သည်များနှင့်နတ်ထိန်းများထံသို့လှည့်၍ သူတို့နောက်သို့လိုက်ပြီး ဖောက်ပြန်မှားယွင်းလျှင် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
အို အကျွန်ုပ်၏သန့်ရှင်းသောဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ရှေးကာလကပင် တည်ရှိတော်မူသည် မဟုတ်လော။ အကျွန်ုပ်တို့ သေရမည်မဟုတ်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို တရားစီရင်ရန် ချမှတ်တော်မူပြီ။ အို ကျောက်ဆောင်၊ ကိုယ်တော်သည် သူတို့ကို ဆုံးမရန် စီရင်တော်မူပြီ။
ထို့နောက် ငါက သူတို့အား “ငါ့အား လုပ်အားခပေးသင့်သည်ဟုထင်လျှင် ပေးလော့။ မပေးလိုလျှင်လည်း မပေးနှင့်”ဟု ဆိုလျှင် သူတို့သည် လုပ်အားခအဖြစ် ငွေစသုံးဆယ်ကို ချိန်တွယ်ပေးကြ၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
သို့သော် သင်တို့က “အဘယ်ကြောင့်နည်း”ဟု မေးလျှင် အကယ်စင်စစ် သင်နှင့် သင်ငယ်စဉ်က ပေါင်းဖော်ခဲ့သောသင့်မယားကြားတွင် ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ သင်သည် သင့်ဘဝဖော်၊ သင်နှင့်ကတိသစ္စာပြုထားသောမယားကို သစ္စာဖောက်သောကြောင့်ဖြစ်၏။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။
“ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို ပြုကြကုန်စို့”ဟု ဆို၍မရနိုင်သလော။ လူအချို့တို့က ထိုကဲ့သို့ငါတို့ပြောဆိုနေသည်ဟုဆိုလျက် ငါတို့ကို စော်ကားပြောဆိုကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏။
သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုသောအခါ သူ့အား လက်ချည်းသက်သက်မလွှတ်ရ။
သင်တို့တွင် သားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၊ ဗေဒင်အတတ်ကိုသုံးသောသူ၊ နိမိတ်ဖတ်သောသူ၊ မှော်အတတ်ကိုသုံးသောသူ၊
တိုင်းတစ်ပါးသားနှင့် ဖတဆိုးတို့ ရထိုက်သော တရားမျှတမှုကို မပိတ်ပင်ရ။ မုဆိုးမ၏အဝတ်ကို အပေါင်လက်မခံရ။
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အလွဲသုံးစားမပြုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အလွဲသုံးစားပြုသောသူအား အပြစ်ဒဏ်နှင့်ကင်းလွတ်စေတော်မူမည်မဟုတ်။
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ပြောဆိုခြင်းကိုမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားကတိသစ္စာတစ်စုံတစ်ခုကိုပြုလျက်ဖြစ်စေ တိုင်တည်၍မပြောဆိုကြနှင့်။ သင်တို့သည် ဟုတ်သည်ကို “ဟုတ်ပါသည်” မဟုတ်သည်ကို “မဟုတ်ပါ”ဟူ၍သာ ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကိုခံရလိမ့်မည်။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။