အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ကတိသစ္စာစကားများကို ကြားတော်မူ၍ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့သောသူတို့ဆက်ခံရသည့်အမွေကို အကျွန်ုပ်အား ပေးတော်မူပြီ။
မာလခိ 2:5 - မြန်မာ့စံမီသမ္မာကျမ်း “လေဝိအမျိုးနှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်သည် အသက်ရှင်ခြင်းအကြောင်း၊ ငြိမ်သက်ခြင်းအကြောင်းကို ဖြစ်စေ၏။ ငါ့ကိုကြောက်ရွံ့ရိုသေမည့်အကြောင်း ထိုပဋိညာဉ်ကို သူ့အား ငါပေးခဲ့၏။ သူသည်လည်း ငါ့ကို ကြောက်ရွံ့ရိုသေ၍ ငါ့နာမကို ရိုသေခန့်ညား၏။ Common Language Bible ငါ၏ပဋိညာဉ်တော်တွင်သူတို့အား အသက်ရှင်မှုနှင့် ချမ်းမြေ့သာယာမှုကို ကတိထားခဲ့သည်ဖြစ်၍ ငါသည်မိမိ အားသူတို့ရိုသေလေးစားစိမ့်သောငှာ ထိုအရာများကိုပေးအပ်ခဲ့ပေသည်။ ထို နေ့ရက်ကာလများကသူတို့သည်အကယ် ပင်ငါ့အားကြောက်ရွံ့ရိုသေရကြ၏။- Garrad Bible ထို ပ ဋိ ညာဉ် ကား၊ အ သက် ရှင် ခြင်း၊ ငြိမ် သက် ခြင်း၊ ခန့် ညား ခြင်း များ နှင့် ဆိုင် သ တည်း။ ၎င်း ဆု များ ကို ငါ ပေး သည့် အ လျောက်၊ ငါ့ ကို ခန့် ညား၍ နာ မ တော် ကို ရို သေ ကြ လေ ၏။ Judson Bible ငါဖွဲ့သောအသက်ပဋိညာဉ်၊ ငြိမ်ဝပ်ခြင်းပဋိညာဉ်သည် ထိုအမျိုး၌ ရှိ၏။ ငါ့ကိုကြောက်ရွံ့၍ ငါ၏နာမတော်ရှေ့၌ ထိတ်လန့်သောကြောင့် ငါဖွဲ့၍ပေး၏။ |
အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ကတိသစ္စာစကားများကို ကြားတော်မူ၍ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့သောသူတို့ဆက်ခံရသည့်အမွေကို အကျွန်ုပ်အား ပေးတော်မူပြီ။
ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။
ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။
ယဇ်ပုရောဟိတ်အာရုန်၏မြေးဖြစ်သော ဧလာဇာ၏သားဖိနဟတ် မြင်သောအခါ လူထုထဲမှထ၍ လှံကိုကိုင်စွဲလျက်
ထိုအစ္စရေးအမျိုးသားနောက် တဲအတွင်းသို့ လိုက်ဝင်သွား၍ အစ္စရေးအမျိုးသားနှင့် ထိုမိန်းမ နှစ်ဦးစလုံးတို့၏ဗိုက်ကို လှံနှင့်ထိုးလေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့တွင် ဘေးဒဏ်ငြိမ်းလေ၏။
“အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ထို့နောက်မှ လေဝိအမျိုးတို့သည် အမှုတော်ထမ်းဆောင်ရန် တွေ့ဆုံစည်းဝေးရာတဲတော်သို့ဝင်ရမည်။ သင်သည် သူတို့ကို စင်ကြယ်စေ၍ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။