နေအေးသောအချိန်တွင် ဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားသည် ကြားလျှင် ထာဝရအရှင်ဘုရားသခင် ရှေ့တော်မှလွတ်ရန် ဥယျာဉ်ရှိသစ်ပင်များကြားတွင် ပုန်းကွယ်လျက်နေကြ၏။
ဗျာဒိတ် 6:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များ၊ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများ၊ ချမ်းသာသောသူများ၊ ခွန်အားကြီးသောသူများမှစ၍ ကျွန်နှင့်လွတ်လပ်သူရှိသမျှတို့သည် လိုဏ်ဂူတို့၌လည်းကောင်း၊ တောင်များပေါ်ရှိ ကျောက်ဆောင်တို့ကြား၌လည်းကောင်း ပုန်းအောင်းကြပြီးလျှင် Common Language Bible ထိုအခါလောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာရှိသူမှစ၍ ကျွန်နှင့်ကျွန်မဟုတ်သူအပေါင်းတို့သည်လိုဏ် ဂူများ၌လည်းကောင်း၊ တောင်ပေါ်ကျောက်ဆောင် များ၌လည်းကောင်းပုန်းအောင်း၍နေကြ ကုန်၏။- Garrad Bible မြေ ကြီး ဘု ရင်၊ အ ရာ ရှိ၊ ဗိုလ် မှူး၊ သူ ကြွယ်၊ စွမ်း ရည် ကြီး သူ၊ ကျွန်၊ လူ လွတ် ဟူ သ မျှ သည် တောင် များ ရှိ လှိုင် ကျောက် ကြား များ၌ ပုန်း အောင်း ပြီး လျှင်၊ Judson Bible လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌လည်းကောင်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လောကီရှင်ဘုရင်များ၊ မှူးကြီးမတ်ကြီးများ၊ စစ်တပ်အရာရှိများ၊ ချမ်းသာသောသူများ၊ တန်ခိုးသြဇာကြီးသူများ၊ ကျွန်နှင့် လွတ်လပ်သူအားလုံးတို့သည် လိုဏ်ဂူများနှင့် တောင်များပေါ်ရှိ ကျောက်ဆောင်များကြားတွင် ပုန်းအောင်းနေကြ၏။ |
နေအေးသောအချိန်တွင် ဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားသည် ကြားလျှင် ထာဝရအရှင်ဘုရားသခင် ရှေ့တော်မှလွတ်ရန် ဥယျာဉ်ရှိသစ်ပင်များကြားတွင် ပုန်းကွယ်လျက်နေကြ၏။
ကိုယ်တော်သည် အုပ်ချုပ်သူမင်းတို့၏စိတ်ကို နှိမ့်ချတော်မူ၏။ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့အတွက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။
ထာဝရဘုရား၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် ကျောက်ဆောင်ထဲသို့ဝင်၍ မြေကြီးထဲ၌ပုန်းနေကြလော့။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်ဆောင်အက်ကွဲကြောင်းများ၊ ကျောက်ဂူများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ဤလူမျိုးသည် သိမ်းသွားခြင်းခံရ၏။ တိုက်ခိုက်လုယက်ခြင်းခံရ၏။ သူတို့အားလုံးသည် တွင်းထဲ၌ ထောင်ချောက်မိ၏။ ထောင်ထဲတွင် လှောင်ထားခြင်းခံရ၏။ သူတို့သည် သားကောင်ကဲ့သို့ဖြစ်၍ ကယ်နုတ်မည့်သူမရှိ။ လုယက်ပစ္စည်းဖြစ်၍ “ပြန်ပေးလော့”ဟု ပြောမည့်သူမရှိ။
သူတို့သည် မြွေကဲ့သို့ မြေမှုန့်ကိုလျက်ရလိမ့်မည်။ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါကဲ့သို့ မိမိရဲတိုက်ထဲမှ တုန်တုန်ရီရီနှင့် ထွက်လာရလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက်နေရလိမ့်မည်။ သင့်ကိုလည်း ကြောက်ရွံ့ကြလိမ့်မည်။
ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။