Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 6:15 - Common Language Bible

15 ထို​အ​ခါ​လော​ကီ​ဘု​ရင်၊ အာ​ဏာ​ပိုင်၊ စစ်​သူ​ကြီး၊ သူ​ဌေး​သူ​ကြွယ်၊ တန်​ခိုး​အာ​ဏာ​ရှိ​သူ​မှ​စ​၍ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​အ​ပေါင်း​တို့​သည်​လိုဏ် ဂူ​များ​၌​လည်း​ကောင်း၊ တောင်​ပေါ်​ကျောက်​ဆောင် များ​၌​လည်း​ကောင်း​ပုန်း​အောင်း​၍​နေ​ကြ ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မြေ ကြီး ဘု ရင်၊ အ ရာ ရှိ၊ ဗိုလ် မှူး၊ သူ ကြွယ်၊ စွမ်း ရည် ကြီး သူ၊ ကျွန်၊ လူ လွတ် ဟူ သ မျှ သည် တောင် များ ရှိ လှိုင် ကျောက် ကြား များ၌ ပုန်း အောင်း ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 လော​ကီ​ဘု​ရင်၊ မှူး​မတ်၊ စစ်​သူ​ကြီး၊ သူ​ဌေး၊ သူ​ကြွယ်၊ ခွန်​အား​ကြီး​သော​သူ​မှ​စ၍ ကျွန်​များ၊ လူ​လွတ်​များ အ​ပေါင်း​တို့​သည် မြေ​တွင်း၌​လည်း​ကောင်း၊ တောင်​ပေါ်​မှာ ရှိ​သော ကျောက်​များ၌​လည်း​ကောင်း၊ ပုန်း​ရှောင်​လျက်​နေ၍၊ ထို​တောင်​များ၊ ကျောက်​များ​တို့​ကို ခေါ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထိုအခါ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ၊ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ၊ ချမ်းသာ​သော​သူ​များ၊ ခွန်အား​ကြီး​သော​သူ​များ​မှစ၍ ကျွန်​နှင့်​လွတ်လပ်​သူ​ရှိသမျှ​တို့​သည် လိုဏ်ဂူ​တို့​၌​လည်းကောင်း၊ တောင်​များ​ပေါ်ရှိ ကျောက်ဆောင်​တို့​ကြား​၌​လည်းကောင်း ပုန်းအောင်း​ကြ​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 လောကီ​ရှင်ဘုရင်များ၊ မှူးကြီးမတ်ကြီးများ၊ စစ်တပ်​အရာရှိများ၊ ချမ်းသာသော​သူများ၊ တန်ခိုး​သြဇာ​ကြီးသူများ၊ ကျွန်​နှင့် လွတ်လပ်သူ​အားလုံးတို့​သည် လိုဏ်ဂူများ​နှင့် တောင်များ​ပေါ်ရှိ ကျောက်ဆောင်များ​ကြားတွင် ပုန်းအောင်းနေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 6:15
19 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​ည​နေ​ခင်း​၌​သူ​တို့​သည်​ဥ​ယျာဉ်​ထဲ တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​လာ တော်​မူ​သော​အ​သံ​ကို​ကြား​ရ​လျှင် သူ​တို့ အား​မ​တွေ့​မ​မြင်​စေ​ရန်​သစ်​ပင်​များ​အ​ကြား တွင်​ပုန်း​ကွယ်​နေ​ကြ​၏။-


ကိုယ်​တော်​သည်​မာန်​မာန​ကြီး​သူ​မင်း​သား တို့​၏ စိတ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​ဘုန်း​ကြီး​သည့် ဘု​ရင်​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ်​တော် ၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​တို့​၏ အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် သူ​တို့ သည်​ကျောက်​တောင်​လှိုဏ်​ဂူ​များ​၌​သော်​လည်း ကောင်း၊ မြေ​တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း အောင်း​နေ​ကြ​လိမ့်​မည်။-


ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ် တော်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​သော်​လည်း​ကောင်း၊ မြေ တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း​အောင်း နေ​ကြ​လိမ့်​မည်။-


ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​တို့ သည်​ကိုယ်​တော်​၏​အ​မျက်​တော်၊ တန်​ခိုး​တော် နှင့်​ဘုန်း​အ​သ​ရေ​တော်​၏​အ​ရှိန်​အ​ဝါ​မှ ကင်း​ဝေး​ကြ​စေ​ရန် မြေ​တွင်း​များ​နှင့်​ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ လိမ့်​မည်။


သို့​ရာ​တွင်​ယ​ခု​အ​ခါ​ကိုယ်​တော်​၏​လူ​စု​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​အ​ကျဉ်း​ထောင်​အ​မှောင်​ခန်း​များ​တွင် သော့​ခတ်​၍​ဝှက်​ထား​ကြ​၏။ ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဘဲ သူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​လေ​သည်။


သူ​တို့​သည်​မြွေ​ကဲ့​သို့​ဖုတ်​ထဲ​တွင်​တွား​သွား ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ခံ​တပ် များ​ထဲ​မှ​ကြောက်​ရွံ့​တုန်​လှုပ်​စွာ​ထွက်​လာ​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ကြ​လိမ့်​မည်။


ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။


သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဆီ​မီး​၏​အ​လင်း ရောင်​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ မင်္ဂ​လာ​ဆောင်​သ​တို့ သား​နှင့်​သ​တို့​သ​မီး​၏​အ​သံ​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​ကြား​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ကုန် သည်​ကြီး​များ​ကား​ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​သြ​ဇာ အာ​ဏာ​ကြီး​မား​သူ​များ​ဖြစ်​ကြ​၏။ သင်​သည် လူ​မျိုး​တ​ကာ​တို့​ကို​စုန်း​အ​တတ်​ဖြင့်​ပြု​စား ကာ​မှောက်​မှား​လမ်း​လွဲ​စေ​လေ​ပြီ'' ဟု​ဆို​လေ​၏။


မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။-


ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ