သူသည် ဘုရားသခင်ထံဆုတောင်းမည်။ ဘုရားသခင်သည်လည်း သူ့ကိုလက်ခံတော်မူမည်။ ဝမ်းမြောက်စွာကြွေးကြော်လျက် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူ့ကို နဂိုမူလအတိုင်းပြန်လည်ဖြောင့်မတ်စေတော်မူမည်။
ဗျာဒိတ် 22:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ်တော်၏မျက်နှာကိုဖူးမြင်ရကြလိမ့်မည်။ ကိုယ်တော်၏နာမတော်သည်လည်း သူတို့၏နဖူးပေါ်၌ရှိလိမ့်မည်။ Common Language Bible သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကိုဖူး မြင်ရကြလိမ့်မည်။ နာမတော်ကိုသူတို့၏ နဖူးတွင်ရေးထားလျက်ရှိလိမ့်မည်။- Judson Bible မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော် ရေးထားလျက်ရှိလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူတို့၏ နဖူးပေါ်တွင် ကိုယ်တော်၏ နာမတော်ကို ရေးထားလျက်ရှိလိမ့်မည်။ |
သူသည် ဘုရားသခင်ထံဆုတောင်းမည်။ ဘုရားသခင်သည်လည်း သူ့ကိုလက်ခံတော်မူမည်။ ဝမ်းမြောက်စွာကြွေးကြော်လျက် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူ့ကို နဂိုမူလအတိုင်းပြန်လည်ဖြောင့်မတ်စေတော်မူမည်။
အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
များစွာသောသူတို့က “ကောင်းမြတ်သောအရာကို ငါတို့အားမည်သူပြနိုင်မည်နည်း”ဟု ပြောဆိုကြပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ် ထွန်းလင်းစေတော်မူပါ။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ဆာငတ်၏။ ငါသည် မည်သည့်အချိန်မှလာ၍ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရမည်နည်း။
သင့်မျက်စိသည် တင့်တယ်သောရှင်ဘုရင်ကို တွေ့မြင်ရမည်။ အဝေး၌ရှိသောပြည်ကို ရှုမြင်ရမည်။
ဝေဝေဆာဆာဖူးပွင့်၍ ဝမ်းမြောက်ပျော်ရွှင်စွာ သီချင်းဆိုလိမ့်မည်။ လက်ဘနွန်တောင်၏ဘုန်းအသရေ၊ ကရမေလတောင်နှင့် ရှာရုန်လွင်ပြင်တို့၏ခန့်ညားထည်ဝါမှုကို ရရှိလိမ့်မည်။ ထာဝရဘုရား၏ဘုန်းအသရေ၊ ငါတို့ဘုရားသခင်၏ခန့်ညားထည်ဝါမှုကို မြင်ရလိမ့်မည်။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် ထင်ရှားတော်မူမည်။ လူအပေါင်းတို့သည် အတူတကွဖူးမြင်ရကြလိမ့်မည်။ အကယ်စင်စစ် ထာဝရဘုရား၏နှုတ်တော်မှ မိန့်တော်မူပြီ”ဟူ၍ဖြစ်၏။
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမြင်ရကြလိမ့်မည်။
မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။
ထို့နောက် ငါကြည့်လိုက်ရာ သိုးသငယ်တော်သည် ဇိအုန်တောင်ပေါ်တွင်ရပ်နေ၏။ သိုးသငယ်တော်၏နာမနှင့် ခမည်းတော်၏နာမတို့ကို မိမိတို့နဖူး၌ရေးထားသောသူ တစ်သိန်းလေးသောင်းလေးထောင်တို့သည်လည်း သူနှင့်အတူရှိကြ၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။
“ငါတို့ဘုရားသခင်၏အစေအပါးတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်မပြီးမချင်း မြေကြီး၊ ပင်လယ်နှင့် သစ်ပင်တို့ကို ဘေးမသင့်စေနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်၏။