ထာဝရဘုရားကောင်းမြတ်တော်မူကြောင်း မြည်းစမ်း၍သိမြင်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။
ဗျာဒိတ် 22:17 - မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။ Common Language Bible ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။ Garrad Bible ဝိ ညာဉ် တော် နှင့် မင်္ဂ လာ ဆောင် သ တို့ သ မီး က ကြွ လာ တော် မူ ပါ ဟု လျှောက် ဆို ကြ၏။ ကြား နာ သူ က လည်း ကြွ လာ တော် မူ ပါ ဟု လျှောက် စေ၊ ရေ ငတ် သူ ကား လာ စေ၊ သောက် လို သူ ကား အ သက် ရေ ကို အ ဖိုး မဲ့ သောက် စေ။ Judson Bible ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။ |
ထာဝရဘုရားကောင်းမြတ်တော်မူကြောင်း မြည်းစမ်း၍သိမြင်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။
သင်တို့သည် ကယ်တင်ခြင်းစမ်းရေတွင်းများမှရေကို ဝမ်းမြောက်စွာ ခပ်ယူကြလိမ့်မည်။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
အို ယာကုပ်အမျိုးအနွယ်တို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ လျှောက်လှမ်းကြကုန်စို့။
‘လာကြ။ မပျက်ပြယ်နိုင်သောထာဝရပဋိညာဉ်ဖြင့် ထာဝရဘုရားနှင့်မိတ်သဟာယဖွဲ့ကြစို့’ဟု ဆိုလျက် ဇိအုန်မြို့ဘက်သို့လှည့်၍ ဇိအုန်မြို့သို့သွားသောလမ်းကို မေးမြန်းကြလိမ့်မည်။
ထိုသူသည် ငါ့အား အိမ်တော်ဝင်ပေါက်သို့ ပြန်လည်ခေါ်ဆောင်လာရာ အိမ်တော်တံခါးခုံအောက်မှ အိမ်တော်မျက်နှာမူရာအရှေ့ဘက်သို့ ရေစီးထွက်သွားသည်ကို တွေ့ရ၏။ ထိုရေတို့သည် အိမ်တော်လက်ယာဘက်အောက်၊ ယဇ်ပလ္လင်တော်တောင်ဘက်မှ စီးဆင်းသွား၏။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
ထိုသို့ ယောဟန်ပြောဆိုသည်ကို တပည့်နှစ်ဦးတို့သည်ကြားလျှင် ယေရှုနောက်တော်သို့လိုက်သွားကြ၏။
ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ထိုအမျိုးသမီးက “အရှင်၊ အရှင့်မှာရေခပ်စရာတစ်စုံတစ်ခုမျှမရှိ။ ဤရေတွင်းလည်းနက်သည်ဖြစ်၍ ထိုအသက်ရေကို အဘယ်ကရပါမည်နည်း။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
“ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့်
ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက်“မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။
သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေးနုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
ငါတို့သည် လောကီဝိညာဉ်ကို ခံယူရရှိကြသည်မဟုတ်ဘဲ ငါတို့အား ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို သိရှိနိုင်ရန် ဘုရားသခင်ထံမှလာသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။
တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။
တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။
ထို့နောက် နောက်ဆုံးသောဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်နေသောဖလားခုနစ်လုံးကို ကိုင်ဆောင်သည့်ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ သိုးသငယ်တော်၏ဇနီးသည်ဖြစ်သော သတို့သမီးကို သင့်အားငါပြမည်”ဟု ဆို၏။
ထို့နောက် ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ကြည်လင်တောက်ပသော အသက်ရေစီးရာမြစ်ကို ငါ့အားပြလေ၏။ ထိုမြစ်သည် ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်မှ ထွက်၍
ငါယေရှုသည် အသင်းတော်များအတွက် ဤအကြောင်းအရာများကို သင်တို့အားသက်သေခံရန် ငါ၏ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမြစ်နှင့်အမျိုးအနွယ်ဖြစ်ပြီး တောက်ပသောမိုးသောက်ကြယ်ဖြစ်၏။”
အကြောင်းမူကား ပလ္လင်တော်အလယ်တွင်ရှိသောသိုးသငယ်တော်သည် သူတို့ကိုအုပ်ထိန်း၍ အသက်ရေထွက်ရာစမ်းရေတွင်းသို့ သူတို့ကိုလမ်းပြပို့ဆောင်တော်မူလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်”ဟု ဆို၏။