အဘယ်ကြောင့်ဆိုသော် သူ၏အပြစ်တို့သည် ကောင်းကင်အထိ စုပုံလျက်ရှိ၍ သူ၏မတရားမှုများကို ဘုရားသခင်မှတ်မိတော်မူပြီ။
အဘယ်ကြောင့်ဆိုသော်သူ၏အပြစ်သည် မိုးကောင်းကင်တိုင်အောင်မြင့်မား၍ သူ၏ဆိုးယုတ်သောအပြုအမူများကို ဘုရားသခင်သတိရတော်မူလေပြီ ဖြစ်သောကြောင့်တည်း။
ထို မြို့၏ ဒု စ ရိုက် များ သည် ကောင်း ကင် ဘုံ ရောက် များ ပြား သ ဖြင့် ထို အ ဓ မ္မ မှု များ ကို ဘု ရား သ ခင် သ တိ ရ တော် မူ ပြီ။
သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ။-
သူ၏ အပြစ်များသည် ကောင်းကင်အထိ စုပုံ၍ မြင့်မားနေသောကြောင့် သူ၏ ပြစ်မှုကျူးလွန်ခြင်းတို့ကို ဘုရားသခင်သတိရတော်မူပြီ။
ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။
“အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။
ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
မြို့ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံတို့၏မြို့များသည်လည်း ပြိုလဲကြကုန်၏။ ဘုရားသခင်သည် မိမိ၏အမျက်တော်နှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ခွက်ကိုပေးရန် ဘေဘီလုံမြို့ကြီးကိုသတိရတော်မူ၏။