ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
ဗျာဒိတ် 16:9 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။ Common Language Bible လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။ Garrad Bible လူ တို့ လည်း အ လွန် ပူ ပြင်း ၍ ကျွမ်း လောင် ကြ ရာ ဘုန်း တော် ကို ချီး မွမ်း ရန် နောင် တ မ ရ ဘဲ ဤ ဘေး များ ကို အ စိုး ရ သော ဘု ရား သ ခင့် နာ မ တော် အား ပုတ် ခတ် ကြ ၏။ Judson Bible ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှာ နောင်တမရကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည် ပြင်းထန်သော အပူရှိန်ကြောင့် လောင်ကျွမ်းခြင်းကို ခံရသဖြင့် ဤဘေးဒဏ်များကျရောက်စေရန် အခွင့်အာဏာရှိသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ သူတို့သည် နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုလည်း မချီးမွမ်းကြ။ |
ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
သူတို့သည် ခက်ခဲပင်ပန်းလျက်၊ ဆာလောင်မွတ်သိပ်လျက် ပြည်တစ်လျှောက်ဖြတ်သန်းသွားရမည်။ ဆာလောင်သောအခါ အမျက်ထွက်၍ မိမိဘုရင်၊ မိမိဘုရားသခင်ကို ကျိန်ဆဲမည်။ အထက်သို့ မော့ကြည့်လျှင်ဖြစ်စေ၊
နေ့ရက်များစွာလွန်ပြီးမှ ထာဝရဘုရားက “ယူဖရေးတီးမြစ်ရှိရာသို့ သင်ထသွားလော့။ ငါမိန့်မှာထား၍ ထိုနေရာတွင်သင်ဝှက်ထားသော ခါးပတ်ကို ယူခဲ့လော့”ဟု ငါ့အား မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။
ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
ထိုအခါ ယောရှုက အာခန်အား “ငါ့သား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလော့။ ကျေးဇူးတော်ကို ချီးမွမ်းလော့။ သင်ပြုသောအမှုကို ငါ့အား ယခုပြောပါလော့။ ဘာမျှ ဖုံးကွယ်မထားနှင့်”ဟု ဆို၏။
ထိုအချိန်နာရီ၌ပင် ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုလဲသွား၏။ ထိုငလျင်ကြောင့် လူပေါင်းခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူတို့သည် ကြောက်လန့်ကြလျက် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။
ထိုကောင်းကင်တမန်က “ဘုရားသခင်တရားစီရင်တော်မူရာအချိန် ကျရောက်လာပြီဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့လျက် ဘုန်းတော်ကိုချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်စမ်းရေတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
ကောင်းကင်မှလည်း ပေါင်တစ်ရာခန့်လေးသောမိုးသီးကြီးများသည် လူတို့အပေါ်သို့ကျလေ၏။ ဤဘေးဒဏ်သည် အလွန်ပြင်းထန်သဖြင့် လူတို့သည် ထိုမိုးသီး၏ဘေးဒဏ်ကြောင့် ဘုရားသခင်ကိုစော်ကားပြောဆိုကြ၏။
ငါသည် သူ့အား နောင်တရရန်အချိန်ပေးခဲ့သော်လည်း သူသည် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ်မရှိ။
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။