ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
ဗျာဒိတ် 16:8 - မြန်မာ့စံမီသမ္မာကျမ်း စတုတ္ထကောင်းကင်တမန်သည် သူ၏ဖလားကို နေပေါ်သို့သွန်းလောင်းသောအခါ နေသည် လူတို့အား မီးဖြင့်လောင်ရသောအခွင့်ကိုရ၏။ Common Language Bible ထိုနောက်စတုတ္ထကောင်းကင်တမန်သည်မိမိ ၏ဖလားမှ အမျက်တော်ကိုနေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါနေသည်လူတို့အား အပူရှိန်ဖြင့် ကျွမ်းလောင်စေနိုင်ခွင့်ကိုရလေ၏။- Garrad Bible စ တု တ္ထ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို နေ ပေါ် သို့ သွန်း လောင်း သော် လူ တို့ ကို အ ရှိန် ဖြင့် တောက် လောင် သော အ ခွင့် ရ သည့် အ လျောက်၊ Judson Bible စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကိုရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် စတုတ္ထကောင်းကင်တမန်သည် သူ၏ ဖလားကို နေပေါ်သို့ သွန်းလောင်းလိုက်သောအခါ နေသည် လူတို့အား မီးလောင်ရသောအခွင့်ကို ရလေ၏။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
နေထွက်လာသောအခါ ဘုရားသခင်သည် အလွန်ပူပြင်းသောအရှေ့လေကို တိုက်ခတ်စေ၍ ယောနခေါင်းပေါ်သို့ နေပူရှိန်ကျသဖြင့် သူသည် မောပန်းပြီး သေချင်စိတ်ပေါက်လေ၏။ ထို့ကြောင့် သူက “အကျွန်ုပ်အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆိုလေ၏။
သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
ထို့နောက် နေ၊ လ၊ ကြယ်တာရာများ၌ အတိတ်နိမိတ်များဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ပင်လယ်လှိုင်းတံပိုးသံကြောင့် စိတ်မငြိမ်မသက်ဖြစ်လျက် တုန်လှုပ်ချောက်ချားကြလိမ့်မည်။
ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီးမရောက်မီ နေသည် မှောင်မိုက်သွား၍ လသည် သွေးဖြစ်သွားလိမ့်မည်။
ထို့နောက် မီးအပေါ်အခွင့်အာဏာရှိသည့် အခြားသောကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲမှထွက်လာ၍ ထက်သောတံစဉ်ပါသောသူအား “စပျစ်သီးများမှည့်ပြီဖြစ်သောကြောင့် သင်၏ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီးပေါ်မှစပျစ်ခိုင်များကို ရိတ်သိမ်းလော့”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လိုက်ရာ ငလျင်ပြင်းထန်စွာလှုပ်သဖြင့် နေသည် ဆိတ်မွေးနှင့်လုပ်သောအထည်ကြမ်းကဲ့သို့ မည်းသွား၍ လတစ်ခုလုံးသည် သွေးကဲ့သို့ဖြစ်သွားလေ၏။
သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည်မဟုတ်။ နေ၊ သို့မဟုတ် အခြားမည်သည့်အပူရှိန်မျှ သူတို့အပေါ်ကျရောက်မည်မဟုတ်။
စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ နေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံတစ်ပုံ၊ ကြယ်များ၏သုံးပုံတစ်ပုံတို့သည် ထိပါးတိုက်ခိုက်ခြင်းခံရသဖြင့် ၎င်းတို့၏သုံးပုံတစ်ပုံသည် မှောင်မည်းသွားလေ၏။ နေ့၏သုံးပုံတစ်ပုံသည်လည်း အလင်းရောင်ကွယ်ပျောက်လျက် ညသည်လည်း ထိုနည်းတူဖြစ်၏။
သူသည် ထိုအတိုင်းမသိနက်ရှိုင်းသောတွင်းကို ဖွင့်လိုက်သောအခါ မီးဖိုကြီး၏မီးခိုးကဲ့သို့သောမီးခိုးများသည် ထိုတွင်းထဲမှတက်လာပြီး ထိုတွင်း၏မီးခိုးများကြောင့် နေနှင့်အာကာသသည် မှောင်မိုက်သွားလေ၏။