နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။
ဗျာဒိတ် 16:21 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်မှလည်း ပေါင်တစ်ရာခန့်လေးသောမိုးသီးကြီးများသည် လူတို့အပေါ်သို့ကျလေ၏။ ဤဘေးဒဏ်သည် အလွန်ပြင်းထန်သဖြင့် လူတို့သည် ထိုမိုးသီး၏ဘေးဒဏ်ကြောင့် ဘုရားသခင်ကိုစော်ကားပြောဆိုကြ၏။ Common Language Bible ကောင်းကင်မှပေါင်တစ်ရာမျှအလေးချိန်ရှိသော မိုးသီးကြီးများသည်လူတို့အပေါ်သို့ကျကုန် ၏။ လူတို့သည်ထိုဆိုးရွားလှသောမိုးသီးဘေး ဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။ Garrad Bible ကောင်း ကင် မှ ခွက် သုံး ဆယ် ခန့် ရှိ မိုး သီး ကြီး များ ကျ သည် နှင့် လူ တို့ သည် ပြင်း ထန် လှ သော ထို မိုး သီး ဘေး ကြောင့် ဘု ရား သ ခင် အား ပုတ် ခတ် ကြ ၏။ Judson Bible ထိုမိုးသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အလေးချိန်ပေါင်တစ်ရာခန့် ရှိသော မိုးသီးတို့သည် ကောင်းကင်မှ လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုးသီးဘေးဒဏ် အလွန်ပြင်းထန်သောကြောင့် လူတို့သည် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ |
နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။
ဤဘဏ္ဍာတိုက်တို့ကို ဆင်းရဲဒုက္ခရောက်သည့်ကာလ၊ စစ်မက်ဖြစ်ပွားသည့်ကာလအဖို့ ငါသိုထားပြီ။
အီဂျစ်ပြည်တည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်ခဲ့ဖူးသော မိုးသီးသည်းထန်စွာရွာကျခြင်းကို မနက်ဖြန် ဤအချိန်တွင် ငါဖြစ်စေမည်။
ထာဝရဘုရားက မောရှေအား “အီဂျစ်ပြည်၌ရှိသော လူ၊ တိရစ္ဆာန်နှင့် လယ်ထဲမှအပင်ရှိသမျှတို့မှစ၍ အီဂျစ်ပြည်တစ်ပြည်လုံးအပေါ် မိုးသီးကျစေရန် သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
သူတို့သည် ခက်ခဲပင်ပန်းလျက်၊ ဆာလောင်မွတ်သိပ်လျက် ပြည်တစ်လျှောက်ဖြတ်သန်းသွားရမည်။ ဆာလောင်သောအခါ အမျက်ထွက်၍ မိမိဘုရင်၊ မိမိဘုရားသခင်ကို ကျိန်ဆဲမည်။ အထက်သို့ မော့ကြည့်လျှင်ဖြစ်စေ၊
ထုံးဖြူသုတ်သောသူတို့အား ထိုမြို့ရိုးပြိုလဲသွားမည်ဟု ပြောကြားလော့။ မိုးရွာမည်။ ရေလွှမ်းမိုးမည်။ ငါသည် မိုးသီးလုံးကြီးကို ကျစေမည်၊ လေပြင်းမုန်တိုင်းတိုက်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် ဒေါသဖြင့် လေပြင်းမုန်တိုင်းတိုက်စေမည်၊ အမျက်ထွက်လျက် မိုးရွာစေမည်၊ ရေလွှမ်းမိုးစေမည်။ ဒေါသဖြင့် မိုးသီးကျစေ၍ မြို့ရိုးကို ဖျက်ဆီးပစ်မည်။
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။
လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။
ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။