ကိုယ်တော်သည် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တပ်ဖွဲ့အားဖြင့် မိမိ၏ပြင်းထန်သောအမျက်၊ ဒေါသ၊ အမျက်မာန်ဟုန်နှင့်ဆင်းရဲဒုက္ခကို သူတို့ထံသို့စေလွှတ်တော်မူ၏။
ဗျာဒိတ် 12:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်၌ စစ်ဖြစ်လေ၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့်တိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏စေတမန်တို့သည် ပြန်လည်တိုက်ခိုက်ကြသော်လည်း Common Language Bible ထိုနောက်ကောင်းကင်၌စစ်ဖြစ်လေသည်။ မိက္ခေလ နှင့်သူ၏ကောင်းကင်တမန်များသည် နဂါး ကိုတိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏ဘက်သား ကောင်းကင်တမန်တို့ကပြန်လှန်တိုက်ခိုက် ကြသော်လည်း၊- Garrad Bible ထို အ ခါ ကောင်း ကင် ဘုံ တွင် မိ က္ခေ လ နှင့် ဘက် ပါ စေ တ မန် တို့ သည် ဆို ခဲ့ သော န ဂါး နှင့် ဆိုင် ပြိုင် တိုက် ခိုက် ကြ ရာ၊ Judson Bible ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်၌ စစ်ဖြစ်လေ၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို တိုက်ကြ၏။ နဂါးနှင့် သူ၏ တမန်တို့သည် ပြန်၍ တိုက်သော်လည်း |
ကိုယ်တော်သည် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တပ်ဖွဲ့အားဖြင့် မိမိ၏ပြင်းထန်သောအမျက်၊ ဒေါသ၊ အမျက်မာန်ဟုန်နှင့်ဆင်းရဲဒုက္ခကို သူတို့ထံသို့စေလွှတ်တော်မူ၏။
ကောင်းကင်၌ ငါ့ဓားသည် ကျေနပ်အားရစွာစီရင်ပြီးမှ ကြည့်ရှုလော့။ ဧဒုံပြည်အပေါ်၊ ငါကျိန်သောလူမျိုးအပေါ် တရားစီရင်ရန်ဆင်းလာမည်။
ငါသည် သူ့ကိုလူမျိုးတကာတို့အတွက်သက်သေ၊ လူမျိုးတကာတို့အတွက် အုပ်ချုပ်သူမင်း၊ တရားမင်းဖြစ်စေမည်။
ပါးရှားနိုင်ငံစောင့်မင်းသည် နှစ်ဆယ့်တစ်ရက်တိုင်တိုင် ငါ့ကိုဆီးတားနှောင့်ယှက်ခဲ့၏။ ငါ့ကို ပါးရှားဘုရင်တို့ထံ၌ ထားခဲ့သောကြောင့် အထွတ်အမြတ်မင်းစုထဲမှတစ်ပါးဖြစ်သောမိက္ခေလသည် ငါ့ကို လာရောက်ကူညီခဲ့ရ၏။
ယခု သမ္မာတရားကျမ်းတွင် ရေးထားသောအရာတို့ကို သင့်အား ငါပြောပြမည်။ ထိုသူတို့နှင့် တိုက်ခိုက်ရာတွင် သင်တို့၏မင်း မိက္ခေလမှတစ်ပါး ငါ့ကို ကူညီမည့်သူတစ်ယောက်မျှမရှိ။
ထိုကာလတွင် သင့်လူမျိုးကို စောင့်ရှောက်ပေးသော အထွတ်အမြတ်မင်းမိက္ခေလ ပေါ်လာလိမ့်မည်။ လူမျိုးတစ်မျိုးဖြစ်ပေါ်လာချိန်မှစ၍ ထိုကာလအထိ တစ်ခါမျှမဖြစ်ဖူးသောဆင်းရဲဒုက္ခကာလသည် ရောက်လာလိမ့်မည်။ သို့သော် ထိုနေ့ရက်တွင် စာစောင်ထဲ၌ စာရင်းဝင်သော သင့်လူမျိုးအားလုံး လွတ်မြောက်ခွင့်ရလိမ့်မည်။
လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင်
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ယခုပင် တစ်ဆယ့်နှစ်တပ်ထက်များပြားသော ကောင်းကင်တမန်ကို ငါ့ထံသို့စေလွှတ်တော်မူမည့်အကြောင်း ခမည်းတော်ထံသို့ ငါမတောင်းနိုင်ဟု သင်ထင်သလော။
ငါခံရသောဗျာဒိတ်တော်သည် အလွန်ထူးမြတ်သောကြောင့် ငါမထောင်လွှားစေရန် ငါ၏ကိုယ်ကာယထဲ၌ ဆူးတစ်ခုကိုပေး၏။ ၎င်းမှာ ငါမထောင်လွှားစေရန် ငါ့ကိုထိုးနှက်သည့် စာတန်၏စေတမန်ဖြစ်၏။
အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။
ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
ကောင်းကင်တမန်မင်းမိက္ခေလပင် မာရ်နတ်နှင့်ငြင်းခုံလျက် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ အချေအတင်ပြောဆိုကြသောအခါ ရှုတ်ချပြစ်တင်သည့်စီရင်ခြင်းကိုမပြုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ”ဟူ၍သာ ပြောဆိုခဲ့၏။
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။
သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတို့အား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။
သူသည် မာရ်နတ်စာတန်ဖြစ်သည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကိုဖမ်းလျက် အနှစ်တစ်ထောင်ချည်နှောင်ထား၍