နှုတ်တော်ထွက်ပညတ်တော်တို့ကို ငါမပယ်၊ နှုတ်တော်ထွက်စကားတော်တို့ကို အစားအစာထက် ပို၍နှစ်သက်ပါ၏။
ဗျာဒိတ် 10:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် ထိုကောင်းကင်တမန်ထံသို့သွား၍ စာလိပ်ငယ်ကို ငါ့အားပေးရန် တောင်းခံသောအခါ သူက “စာလိပ်ကိုယူ၍ စားလိုက်လော့။ ၎င်းသည် သင်၏ဝမ်းထဲ၌ခါးသော်လည်း သင်၏ခံတွင်း၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်”ဟု ငါ့အားမြွက်ဆို၏။ Common Language Bible သို့ဖြစ်၍ငါသည်ထိုကောင်းကင်တမန်ထံ သို့သွားပြီးလျှင် စာစောင်ငယ်ကိုပေးရန် တောင်း၏။ ကောင်းကင်တမန်က``ဤစာစောင် ကိုယူ၍စားလော့။ သင်၏ဝမ်းကိုခါးစေ လိမ့်မည်။ သို့ရာတွင်သင်၏ခံတွင်း၌ပျား ရည်ကဲ့သို့ချိုလိမ့်မည်'' ဟုဆို၏။ Garrad Bible ထို စေ တ မန် တော် ထံ သွား၍ စာ စောင် ငယ် ကို ငါ တောင်း ရာ စေ တ မန် တော် က၊ ယူ ၍ စား လော့။ ဝမ်း၌ ခါး၍ ခံ တွင်း၌ ပြား ရည် ကဲ့ သို့ ချို လိမ့် မည် ဟု မြွက် ဆို၏။ Judson Bible ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင်၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်သည် ထိုကောင်းကင်တမန်ထံသို့ သွားပြီး ကျွန်ုပ်အား စာလိပ်ငယ်ကို ပေးရန် တောင်း၏။ ကောင်းကင်တမန်က “စာလိပ်ကို ယူ၍စားလော့။ သင်၏ဝမ်းထဲ၌ ခါးသော်လည်း သင်၏ ခံတွင်း၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်” ဟု ကျွန်ုပ်အား ပြော၏။ |
နှုတ်တော်ထွက်ပညတ်တော်တို့ကို ငါမပယ်၊ နှုတ်တော်ထွက်စကားတော်တို့ကို အစားအစာထက် ပို၍နှစ်သက်ပါ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။
အချင်းလူသား၊ ငါ့စကားကို နားထောင်လော့။ ပုန်ကန်တတ်သောအမျိုးကဲ့သို့ မပုန်ကန်နှင့်။ သင့်နှုတ်ကိုဖွင့်ပြီး ငါပေးသောအရာကို စားလော့”ဟု မိန့်ဆို၏။
ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။
ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
ငါသည်လည်း ကောင်းကင်တမန်၏လက်မှ စာလိပ်ငယ်ကိုယူ၍ စားလိုက်ရာ ၎င်းသည် ငါ၏ခံတွင်း၌ ပျားရည်ကဲ့သို့ချိုသော်လည်း စားပြီးနောက် ငါ၏ဝမ်းထဲ၌ခါးလေ၏။