ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
ဗျာဒိတ် 10:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုခြုံလျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံရှိ၍ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး သူ၏ခြေသည် မီးလျှံတိုင်ကဲ့သို့ဖြစ်၏။ Common Language Bible ထိုနောက်ကောင်းကင်မှခွန်အားကြီးမားသော ကောင်းကင်တမန်တစ်ပါးဆင်းသက်လာသည် ကိုငါမြင်ရ၏။ သူသည်မိုးတိမ်ကိုဝတ်ဆင် ၍သူ၏ဦးခေါင်းပတ်လည်တွင်သက်တန့်ရှိ၏။ သူ၏မျက်နှာသည်နေနှင့်တူ၏။ သူ၏ခြေ ထောက်တို့သည်မီးဖြင့်ပြီးသောတိုင်များ နှင့်တူ၏။- Garrad Bible ၎င်း ပြင် တိမ် တိုက် ကို ရုံ လျက်၊ သက် တံ့ ဆောင်း လျက်၊ ဖွင့် ထား ပြီး စာ စောင် ငယ် ကိုင် လျက်၊ နေ သ ဖွယ် မျက် နှာ၊ မီး တိုင် သ ဖွယ် သ လုံး ရှိ သော ခွန် အား ကြီး သည့် စေ တ မန် တော် တစ် ပါး သည် ကောင်း ကင် မှ ဆင်း သက် ပြီး လျှင် ညာ ခြေ ကို ရေ ပေါ် မှာလည်း ကောင်း၊ ဝဲ ခြေ ကို မြေ ပေါ် မှာလည်း ကောင်း၊ ချ ထား သည် ကို ငါ မြင် ရ၏။ Judson Bible ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံရှိ၏။ သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တန်ခိုးကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ခြုံလွှမ်းလျက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံတည်ရှိ၏။ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး ခြေတို့သည် မီးတိုင်ကဲ့သို့ဖြစ်၏။ |
ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
သူ့ခြေထောက်များသည် ရွှေစင်အုတ်ခုံပေါ်တွင် စိုက်ထူထားသော စကျင်ကျောက်တိုင်နှင့်တူ၏။ သူ့ရုပ်သွင်သည်လည်း အကောင်းဆုံးသစ်ကတိုးပင်များပေါက်ရာ လက်ဘနွန်တောင်နှင့်တူ၏။
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
သင့်ကိုသနားစုံမက်တော်မူသောထာဝရဘုရားက “ဤအမှုသည် နောဧလက်ထက် ရေလွှမ်းမိုးသကဲ့သို့ဖြစ်၏။ နောဧလက်ထက်၌ ရေလွှမ်းမိုးသကဲ့သို့ ကမ္ဘာမြေကြီးကို နောက်တစ်ဖန်ရေမလွှမ်းမိုးရဟု ငါကျိန်ဆိုခဲ့သည့်နည်းတူ သင့်ကိုအမျက်မထွက်၊ အပြစ်တင်ဆုံးမခြင်းလည်းမပြုဟု ငါကျိန်ဆို၏။
အထံတော်သို့ ငါတို့ဆုတောင်းသံမရောက်အောင် ကိုယ်တော်သည် ကိုယ့်ကိုယ်ကိုယ် တိမ်တိုက်ဖြင့် ကာထားတော်မူပြီ။
ထိုအလင်းသည် မိုးရွာသောနေ့၌ မိုးတိမ်တွင်ထွက်ပေါ်လာသော သက်တံ၏အရောင်ကဲ့သို့ ပတ်ပတ်လည်တွင် ရောင်ခြည်ဖြာထွက်နေ၏။ ထာဝရဘုရား၏ဘုန်းအသရေ ထွန်းလင်းသကဲ့သို့ဖြစ်၏။ ထိုအရာကိုမြင်၍ ငါပျပ်ဝပ်လျက်နေစဉ် တစ်စုံတစ်ယောက်စကားပြောသောအသံကို ငါကြားရ၏။
ထိုသူ၏ကိုယ်ခန္ဓာမှာ ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ မျက်နှာမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်၏။ မျက်စိသည်လည်း မီးတောက်နေသောမီးတုတ်ကဲ့သို့ ဖြစ်၏။ လက်နှင့်ခြေသည် ပြောင်လက်အောင်တိုက်ချွတ်ထားသောကြေးနီနှင့် တူ၏။ သူ၏စကားသံသည် လူအုပ်ကြီး၏အသံနှင့် တူ၏။
ညအချိန် စိတ်အာရုံတွင် လူသားနှင့်တူသောသူတစ်ဦး မိုးတိမ်ကိုစီးလျက်ကြွလာသည်ကို ငါမြင်ရ၏။ ရှေးအရှင်သခင်ရှိရာသို့ရောက်လာသောအခါ သူ့ကိုအထံတော်သို့ ခေါ်သွင်းကြ၏။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။
ထိုအခါ လူ့သားသည် တန်ခိုးနှင့် ကြီးမားသောဘုန်းအသရေတို့ဖြင့် မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။
မွန်းတည့်ချိန်တွင် လမ်း၌ နေရောင်ခြည်ထက်မကတောက်ပသော ကောင်းကင်မှအလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူခရီးသွားသူများပတ်လည်တွင် ထွန်းလင်းသည်ကို အကျွန်ုပ်မြင်ရပါသည်၊ အရှင်မင်းကြီး။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
ထို့နောက် ကြီးမားသောအခွင့်အာဏာပါလျက် ကောင်းကင်မှဆင်းသက်လာသည့် အခြားသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ ကမ္ဘာမြေကြီးသည် သူ၏ဘုန်းအသရေကြောင့် ထွန်းလင်းတောက်ပလေ၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးမားသည့်ကြိတ်ဆုံကဲ့သို့သောကျောက်တုံးတစ်တုံးကိုချီယူ၍ ပင်လယ်ထဲသို့ပစ်ချကာ “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ ကြမ်းတမ်းစွာပစ်ချခြင်းကိုခံရ၍ လုံးဝတွေ့ရတော့မည်မဟုတ်။
ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် အတိုင်းမသိနက်ရှိုင်းရာအရပ်၏သော့နှင့် ကြီးမားသောသံကြိုးတို့ကို မိမိလက်၌ကိုင်ထားလျက် ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။
ထိုင်နေတော်မူသောထိုအရှင်သည် နဂါးသွဲ့နှင့်ပတ္တမြားကျောက်ကဲ့သို့သောအဆင်းအရောင်ရှိ၍ ပလ္လင်တော်ပတ်လည်တွင် မြကဲ့သို့သောအဆင်းအရောင်ရှိသည့် သက်တံရှိ၏။
ထိုအခါ ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးက “မည်သူသည် စာလိပ်ကိုဖွင့်၍ ၎င်း၏တံဆိပ်များကိုခွာထိုက်သနည်း”ဟု ကျယ်လောင်သောအသံနှင့် ကြွေးကြော်နေသည်ကို ငါမြင်ရ၏။
ထို့နောက် ငါကြည့်လျှင် ကောင်းကင်အလယ်တွင် ပျံသန်းနေသောလင်းယုန်တစ်ကောင်က “ကောင်းကင်တမန်သုံးပါးတို့မှုတ်တော့မည့် ကျန်ရှိသောတံပိုးခရာတို့၏အသံကြောင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏”ဟု ကျယ်လောင်သောအသံဖြင့်ဆိုသည်ကို ငါကြားရ၏။