သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
ဖိလေမုန် 1:15 - မြန်မာ့စံမီသမ္မာကျမ်း သူသည် သင်နှင့် ခေတ္တခဏကွဲကွာခဲ့ခြင်းမှာ သင်သည် သူ့ကို ထာဝစဉ်ရရှိနိုင်ရန်အတွက် ဖြစ်ကောင်းဖြစ်လိမ့်မည်။ Common Language Bible သြနေသိမ်သည်သင်နှင့်အစဉ်ပြန်လည်နေထိုင် နိုင်ရန် သင်နှင့်ခေတ္တမျှခွဲခွာရခြင်းဖြစ်တန်ရာ၏။- Garrad Bible သင် နှင့် ကာ လ အ တန် ကြာ သူ ကွေ ကွင်း ရ သည် မှာ နောက် နောင် ကျွန် အ ဖြစ် မ ဟုတ်၊ ကျွန် ထက် မြတ်၍ ချစ် လှ သော ညီ အစ် ကို၊ ဇာ တိ အား ဖြင့်လည်း ကောင်း၊ အ ရှင် ဘု ရား အား ဖြင့် လည်း ကောင်း၊ ငါ ချစ် လှ၍ သင် အ ထူး ချစ် လှ သော ညီ အစ် ကို အ ဖြစ် အ စဉ် ရ ရှိ စေ ခြင်း ငှာ ဖြစ် ကောင်း ဖြစ် လိမ့် သ တည်း။ Judson Bible ထိုမှတစ်ပါး၊ သင်သည် သူ့ကို အစဉ်ရစေခြင်းငှာ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဩနေသိမ်သည် သင်နှင့် ခေတ္တခွဲခွာရသည်မှာ နောင်အခါ သင်နှင့်အတူ အမြဲရှိနေရန် ဖြစ်နိုင်၏။ |
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ထိုနေ့ရက်၌ ဤကမ်းရိုးတန်းတွင် နေထိုင်သောသူတို့က ‘ကြည့်ပါလော့။ ငါတို့အားထားရာပြည်၊ ငါတို့ကို အဆီးရီးယားဘုရင်လက်မှကယ်နုတ်ရန် ငါတို့ပြေး၍အကူအညီတောင်းခဲ့သောပြည်သည် ဤသို့ဖြစ်ပါသည်တကား။ ငါတို့မည်သို့လွတ်မြောက်နိုင်ကြပါမည်နည်း’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။