ဟေရှာယ 20:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုနေ့ရက်၌ ဤကမ်းရိုးတန်းတွင် နေထိုင်သောသူတို့က ‘ကြည့်ပါလော့။ ငါတို့အားထားရာပြည်၊ ငါတို့ကို အဆီးရီးယားဘုရင်လက်မှကယ်နုတ်ရန် ငါတို့ပြေး၍အကူအညီတောင်းခဲ့သောပြည်သည် ဤသို့ဖြစ်ပါသည်တကား။ ငါတို့မည်သို့လွတ်မြောက်နိုင်ကြပါမည်နည်း’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ထိုအချိန်ကာလကျရောက်လာသောအခါ ဖိလိတ္တိကမ်းခြေတွင်နေထိုင်ကြသူတို့သည်``ငါ တို့အားအာရှုရိဘုရင်၏ဘေးမှကာကွယ်စောင့် ရှောက်ရန် ငါတို့မှီခိုအားကိုးခဲ့သည့်လူတို့၏ ဖြစ်အင်ကိုကြည့်ကြလော့။ ငါတို့သည်အဘယ် သို့လျှင်အသက်မသေဘဲကျန်ရှိနိုင်ကြပါ မည်နည်း'' ဟုဆိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏လက်မှလွတ်ခြင်းငှာ ငါတို့ မျှော်လင့်ရာအရာ၊ ပြေး၍ ခိုလှုံရာအရာသည် ထိုသို့ ဖြစ်ပါသည်တကား။ ငါတို့သည် အဘယ်သို့လွတ်နိုင်ပါမည်နည်းဟု ထိုအခါ ဆိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |