သို့သော် ယဇ်ပုရောဟိတ်တို့သည် ယဟောရှမင်းကြီးနန်းစံ နှစ်ဆယ့်သုံးနှစ်တိုင်အောင် အိမ်တော်အပျက်အစီးများကို မပြုပြင်ကြ။
ဖိလိပ္ပိ 2:21 - မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် ယေရှုခရစ်တော်၏အကျိုးကိုမရှာ ကိုယ်ကျိုးကိုသာရှာကြ၏။ Common Language Bible အခြားသောသူအပေါင်းတို့သည်ကားကိုယ့် အကျိုးကိုသာလျှင်ရှာကြ၏။ ယေရှုခရစ် ၏အကျိုးကိုမရှာကြ။- Garrad Bible သူ တစ် ထူး တို့ သည် ခ ရစ် တော် ယေ ရှု၏ အ ကျိုး တော် ကို မ ရှာ။ ကိုယ့် အ ကျိုး ကို သာ ရှာ ကြ၏။ Judson Bible လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကို မရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းတို့သည် ယေရှုခရစ်တော်၏ အကျိုးကို မရှာဘဲ ကိုယ်ကျိုးကိုသာ ရှာကြ၏။ |
သို့သော် ယဇ်ပုရောဟိတ်တို့သည် ယဟောရှမင်းကြီးနန်းစံ နှစ်ဆယ့်သုံးနှစ်တိုင်အောင် အိမ်တော်အပျက်အစီးများကို မပြုပြင်ကြ။
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထို့နောက် ယေရှုက တပည့်တော်တို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
“တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
ပေါလုနှင့်သူ၏အပေါင်းအပါတို့သည် ပါဖုမြို့မှရွက်လွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြ၏။ ထိုအခါ ယောဟန်သည် သူတို့ထံမှ ခွဲခွာ၍ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
သို့သော် ပေါလုက ပံဖုလိပြည်တွင် သူတို့ထံမှ ထွက်ခွာသွားပြီး အမှုတော်ထမ်းဆောင်ရာသို့ သူတို့နှင့်အတူမလိုက်ခဲ့သောသူကို မခေါ်သွားသင့်ဟု မှတ်ယူ၏။
ထိုနည်းတူ ငါသည်လည်း လူတို့ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုရှေးရှုလျက် ခပ်သိမ်းသောအမှုတို့၌ လူအပေါင်းတို့ကိုနှစ်သက်စေရန် ကြိုးစားနေ၏။
မလျောက်ပတ်စွာမပြုတတ်။ ကိုယ်ကျိုးကိုမရှာတတ်။ ဒေါသအလွယ်တကူမထွက်တတ်။ သူတစ်ပါးအပြစ်ကို မှတ်၍မထားတတ်။
အကြောင်းမူကား ခရစ်တော်၏ဒုက္ခဝေဒနာများသည် ငါတို့၌များပြားလှသကဲ့သို့ ခရစ်တော်အားဖြင့် ငါတို့ခံစားရသောနှစ်သိမ့်ခြင်းသည်လည်း များပြားလှပေ၏။
သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာမကြည့်ရှုဘဲ သူတစ်ပါး၏အကျိုးကိုလည်း ကြည့်ရှုကြလော့။
သင်သိထားသည့်အတိုင်း အာရှပြည်၌ရှိသောသူအားလုံးတို့သည် ငါ့ကိုစွန့်ပယ်ကြပြီ။ ထိုသူတို့တွင် ဖုဂေလုနှင့်ဟေရမောဂင်တို့လည်းပါ၏။
အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ မသန့်ရှင်းသောသူ၊
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။