၁ ကော 13:5 - မြန်မာ့စံမီသမ္မာကျမ်း5 မလျောက်ပတ်စွာမပြုတတ်။ ကိုယ်ကျိုးကိုမရှာတတ်။ ဒေါသအလွယ်တကူမထွက်တတ်။ သူတစ်ပါးအပြစ်ကို မှတ်၍မထားတတ်။ အခန်းကိုကြည့်ပါ။Common Language Bible5 မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ် ကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက် တတ်။ သူတစ်ပါး၏အပြစ်ကိုမှတ်၍မထား တတ်။- အခန်းကိုကြည့်ပါ။Garrad Bible5 မ သင့် မ လျော် ပြု ကျင့် ခြင်း၊ ကိုယ့် အ ကျိုး ကို ရှာ ခြင်း၊ စိတ် တို ခြင်း၊ နစ် နာ မှု ကို အ ရေး ယူ ခြင်း များ နှင့် ကင်း သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible5 မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 မရိုင်းစိုင်းတတ်။ ကိုယ်ကျိုးကို မရှာတတ်။ ဒေါသမထွက်တတ်။ သူတစ်ပါး၏ အပြစ်ကို မှတ်မထားတတ်။ အခန်းကိုကြည့်ပါ။ |
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။
အမ္မုန်အမျိုးသားအကြီးအကဲတို့က မိမိတို့၏အရှင်ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကိုရိုသေလေးစားသဖြင့် အရှင့်ထံနှစ်သိမ့်သူများကို စေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ မိမိ၏မင်းမှုထမ်းတို့ကို ဒါဝိဒ်မင်းကြီးစေလွှတ်လိုက်ခြင်းမှာ မြို့ကိုစူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။