ကြည့်ရှုလော့။ ညီအစ်ကိုတို့သည် ညီညွတ်စွာအတူတကွ နေထိုင်ကြသည်မှာ အလွန်ကောင်းမြတ်၍ အလွန်နှစ်သက်ကြည်နူးဖွယ်ဖြစ်၏။
ဖိလိပ္ပိ 2:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့တွင် ခရစ်တော်၌တိုက်တွန်းအားပေးခြင်း၊ ချစ်ခြင်းမေတ္တာ၏နှစ်သိမ့်ခြင်း၊ ဝိညာဉ်တော်အားဖြင့်မိတ်သဟာယဖွဲ့ခြင်း၊ ကြင်နာခြင်းနှင့် သက်ညှာခြင်းတို့ တစ်စုံတစ်ရာရှိလျှင် Common Language Bible သင်တို့သည်ခရစ်တော်၌အသက်ရှင်ခြင်း အားဖြင့်ခွန်အားရရှိကြ၏။ ကိုယ်တော်၏ မေတ္တာတော်သည်သင်တို့အားနှစ်သိမ့်ခြင်းကို ပေး၏။ သင်တို့သည်ဝိညာဉ်တော်နှင့်မိတ်သဟာယ ဖွဲ့ခွင့်ကိုရရှိကြ၏။ သင်တို့တွင်အချင်းချင်း သနားကြင်နာစိတ်ရှိကြ၏။- Garrad Bible သို့ ဖြစ်၍ ခ ရစ် တော် ကြောင့် နှိုး ဆော် ခြင်း၊ မေ တ္တာ တ ရား ကြောင့် တိုက် တွန်း ခြင်း၊ ဝိ ညာဉ် တော် နှင့် ပေါင်း သင်း ဆက် ဆံ ခြင်း၊ အ သည်း စွဲ သ နား ခြင်း အ ရာ ရာ ကို ရ ရှိ လျင်၊ Judson Bible ထိုကြောင့် ခရစ်တော်၌သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် စိတ်ခွန်အားရရှိကြ၏။ ချစ်ခြင်းမေတ္တာတော်ဖြင့် နှစ်သိမ့်ခံရကြ၏။ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခွင့်ရကြ၏။ ခရစ်တော်၏ အကြင်နာနှင့် ကရုဏာတို့ကို ခံစားကြရ၏။ သို့ဖြစ်၍ |
ကြည့်ရှုလော့။ ညီအစ်ကိုတို့သည် ညီညွတ်စွာအတူတကွ နေထိုင်ကြသည်မှာ အလွန်ကောင်းမြတ်၍ အလွန်နှစ်သက်ကြည်နူးဖွယ်ဖြစ်၏။
ထို့ကြောင့် ငါ့စိတ်သည် မောဘပြည်အတွက်၊ ငါ့အသည်းနှလုံးသည် ကိရဟရက်မြို့အတွက် စောင်းသံကဲ့သို့ မြည်တမ်းရ၏။
ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍
ငါသည် သင်တို့ကို မိဘမဲ့အဖြစ် ပစ်ထားမည်မဟုတ်။ သင်တို့ထံသို့ ငါပြန်လာဦးမည်။
ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
ယခု ကိုယ်တော်ထံသို့ အကျွန်ုပ်လာပါ၏။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို မိမိတို့၌ အပြည့်အဝခံစားရမည့်အကြောင်း ဤလောက၌နေစဉ် ဤအရာများကို အကျွန်ုပ်ပြောပါ၏။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။
ထိုမျှော်လင့်ခြင်းသည်လည်း ငါတို့ကိုအရှက်ရစေမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုပေးတော်မူသောသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါတို့၏စိတ်နှလုံးထဲ၌ သွန်းလောင်းခြင်းခံရပြီဖြစ်၏။
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။
အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။
ညီအစ်ကိုတို့၊ ငါတို့သခင်ခရစ်တော်ယေရှု၌ သင်တို့ကြောင့် ငါရရှိသောဝါကြွားဝမ်းမြောက်ခြင်းကိုတိုင်တည်၍ “ငါသည် နေ့တိုင်းသေနေရ၏”ဟု ငါဆို၏။
သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူကြောင်းကို သင်တို့မသိကြသလော။
သို့သော် ငါတို့ကို ခရစ်တော်၌ အစဉ်အမြဲအောင်ပွဲခံစေ၍ ကိုယ်တော်ကိုသိသောဉာဏ်၏ရနံ့ကို နေရာတိုင်း၌ ငါတို့အားဖြင့်ပျံ့နှံ့စေတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
ထိုသို့ သင်တို့သည် သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် “အဗ္ဗ၊ အဖ”ဟု ခေါ်တတ်သော မိမိသားတော်၏ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၏။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
သင်တို့ကိုခေါ်ယူတော်မူသောအခါ တစ်ပါးတည်းသောမျှော်လင့်ခြင်းသို့ ခေါ်ယူတော်မူသကဲ့သို့ ကိုယ်ခန္ဓာတစ်ပါးတည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိ၏။
ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဝတ်ပြု၍ ခရစ်တော်ယေရှု၌ဝါကြွားလျက် အသွေးအသား၌ကိုးစားခြင်းမရှိသောငါတို့သည် အရေဖျားလှီးထားသောသူအစစ်အမှန်ဖြစ်ကြ၏။
ဤသည်ကား သူတို့သည် စိတ်နှလုံးနှစ်သိမ့်မှုကိုခံစားရ၍ ချစ်ခြင်းမေတ္တာ၌ ပေါင်းစည်းခြင်းခံရကာ ဉာဏ်စွမ်းနှင့်ဆိုင်သောစိတ်ချမှုနှင့်ကြွယ်ဝပြည့်စုံသဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ခရစ်တော်ကိုသိကြမည့်အကြောင်းတည်း။
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်းသောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်၏။ ဘုရားသခင်သည် ငါတို့၌တည်တော်မူကြောင်းကို ငါတို့အား ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိကြ၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးသော်လည်း ငါတို့အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌တည်တော်မူ၍ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။
ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။