အစ္စရေးလူမျိုးတို့အား ကယ်တင်ပေးမည့်သူတစ်ဦးကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူသဖြင့် အစ္စရေးအမျိုးသားတို့သည် ဆီးရီးယားလူမျိုးလက်မှ လွတ်မြောက်၍ ယခင်ကကဲ့သို့ပင် မိမိတို့အိမ်တွင် ပြန်လည်နေထိုင်ရလေ၏။
နေဟမိ 9:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အား သူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။ သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ ကရုဏာတော်ကြီးမားသည်နှင့်အညီ သူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။ Garrad Bible နှိပ် စက် သော ရန် သူ တို့ လက် သို့ အပ် လိုက် တော် မူ ရာ၌၊ နှိပ် စက် ခံ ရ၍ ကိုယ် တော် ထံ အော် ဟစ် ကြ သော အ ခါ၊ ကောင်း ကင် ဘုံ မှ နား ညောင်း လျက်၊ များ လှ သော က ရု ဏာ တော် အ လျောက်၊ ရန် သူ တို့ လက် တွင်း မှ ကယ် ဆယ် မည့် သူ တို့ ကို ပေါ် ထွန်း စေ တော် မူ ပါ ၏။ Judson Bible ထိုကြောင့်၊ သူတို့ကိုနှောင့်ယှက်သော ရန်သူလက်သို့ အပ်လိုက်တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကိုအော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက်မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။ |
အစ္စရေးလူမျိုးတို့အား ကယ်တင်ပေးမည့်သူတစ်ဦးကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူသဖြင့် အစ္စရေးအမျိုးသားတို့သည် ဆီးရီးယားလူမျိုးလက်မှ လွတ်မြောက်၍ ယခင်ကကဲ့သို့ပင် မိမိတို့အိမ်တွင် ပြန်လည်နေထိုင်ရလေ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုး၏အမည်ကို ကောင်းကင်အောက်တွင် ပယ်ဖျက်ပစ်မည်ဟု မိန့်တော်မူခြင်းမရှိသောကြောင့် ယောရှမင်းကြီး၏သားတော် ယေရောဗောင်လက်ဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
ငါတို့၏ရန်သူများထံမှလည်း ငါတို့ကိုကယ်နုတ်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
ကယ်တင်မည့်သူတို့သည် ဧသောတောင်ကို အုပ်စိုးရန် ဇိအုန်တောင်ပေါ်သို့တက်လာလိမ့်မည်။ ထိုနိုင်ငံသည် ထာဝရဘုရား၏နိုင်ငံတော် ဖြစ်မည်။
ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။