နေဟမိ 9:27 - Common Language Bible27 သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အား သူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။ သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ ကရုဏာတော်ကြီးမားသည်နှင့်အညီ သူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 နှိပ် စက် သော ရန် သူ တို့ လက် သို့ အပ် လိုက် တော် မူ ရာ၌၊ နှိပ် စက် ခံ ရ၍ ကိုယ် တော် ထံ အော် ဟစ် ကြ သော အ ခါ၊ ကောင်း ကင် ဘုံ မှ နား ညောင်း လျက်၊ များ လှ သော က ရု ဏာ တော် အ လျောက်၊ ရန် သူ တို့ လက် တွင်း မှ ကယ် ဆယ် မည့် သူ တို့ ကို ပေါ် ထွန်း စေ တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ထိုကြောင့်၊ သူတို့ကိုနှောင့်ယှက်သော ရန်သူလက်သို့ အပ်လိုက်တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကိုအော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက်မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-