အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နေ​ဟ​မိ 9:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​၏​သားမြေး​တို့​သည် ထို​ပြည်​ကို​ဝင်ရောက်​သိမ်းပိုက်​သောအခါ ကိုယ်တော်​သည် ထို​ပြည်သား​ခါနာန်​လူမျိုး​တို့​ကို သူ​တို့​ရှေ့​တွင်​နှိမ်နင်း​တော်မူ​၏​။ ရှင်ဘုရင်​နှင့်တကွ ပြည်သူပြည်သား​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၍ သူ​တို့​အလိုရှိ​သည့်​အတိုင်း​ပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​ခါ​နာန်​ပြည်​ကို​သိမ်း​ယူ​ကြ ရ​ပါ​၏။ ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ကိုယ်​တော် နှိမ်​နင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ခါ​နာန်​ပြည်​ဘု​ရင်​များ​နှင့် ပြည်​သူ​တို့​ကို​ပြု​ချင်​သ​လို​ပြု​နိုင်​သော တန်​ခိုး​ပေး​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သား မြေး တို့ ဝင် ရောက် ပိုင် ယူ ကြ ရာ၊ ခါ န နိ လူ မျိုး မှ စ သော တိုင်း ရင်း သား တို့ ကို၊ ဘု ရင် မင်း များ ပါ၊ သူ တို့ ရှေ့ ရှုံး နိမ့် လျက်၊ အ လို ရှိ ရာ ပြု နိုင် ကြ စေ ရန် လက် တွင်း သို့ အပ် နှင်း တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

သား​မြေး​တို့​သည်​ဝင်၍ သိမ်း​ယူ​ကြ၏။ သူ​တို့​ရှေ့​မှာ ထို​ပြည်​သား ခါ​နာ​နိ​လူ​တို့​ကို နှိပ်​စက်​တော်​မူ၍၊ ရှင်​ဘု​ရင်​အ​စ​ရှိ​သော ပြည်​သူ​ပြည်​သား​တို့​ကို ပြု​ချင်​သ​မျှ ပြု​ရ​သော​အ​ခွင့်​နှင့် သူ​တို့​လက်​သို့ အပ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



နေ​ဟ​မိ 9:24
13 ပူးပေါင်းရင်းမြစ်များ  

“​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သည်​မ​ဟုတ်​လော​။ သင့်​ဝန်းကျင်​ကို​လည်း ငြိမ်းချမ်း​စေ​သည်​မ​ဟုတ်​လော​။ ထာဝရဘုရား​ရှေ့​၊ လူမျိုး​တော်​တို့​ရှေ့​တွင် ဤ​ပြည်​ကို နှိမ်နင်း​အောင်​နိုင်​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို ငါ့​လက်​သို့ အပ်​တော်မူ​ပြီ​။


ဂျူး​လူမျိုး​တို့​သည် သူ​တို့​၏​ရန်သူ​အားလုံး​ကို​ဓား​ဖြင့် တိုက်ခိုက်​သတ်ဖြတ်​ဖျက်ဆီး​ပစ်​၏​။ သူ​တို့​ကို​မုန်း​သော​သူ​တို့​အား စိတ်တိုင်းကျ​ပြု​ကြ​၏​။


လုယူဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​ဟု သင်​တို့​ပြော​ခဲ့​သော သင်​တို့​၏​ကလေး​တို့​ကို ငါ​ပို့ဆောင်​မည်​ဖြစ်၍ သင်​တို့​စွန့်ပစ်​သော ထို​ပြည်​ကို သူ​တို့ သိမြင်​ရ​ကြ​လိမ့်မည်​။


မာရ်နတ်​က သူ့​အလို​အတိုင်း​ပြု​စေရန် သူ​တို့​ကို​ဖမ်းဆီး​ထား​သော်လည်း သူ​တို့​သည် မာရ်နတ်​၏​ကျော့ကွင်း​မှ လွတ်မြောက်​၍ အမြင်မှန်​ရ​ကောင်း​ရ​ကြ​လိမ့်မည်။


ယောရှု​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ​၊ တောင်စောင်း​တစ်လျှောက် စသည့် ထို​နယ်မြေ​တစ်ခွင်လုံး​နှင့် ရှင်ဘုရင်​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်ရှိ​ဟူသမျှ​ကို သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ယောရှု​သည် ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​၍ အစ္စရေး​လူမျိုး​တို့​အား မျိုးနွယ်​အလိုက် အမွေမြေ​အဖြစ် ခွဲဝေ​ပေး​လေ​၏​။ ထို့နောက်တွင် တစ်ပြည်လုံး စစ်​ငြိမ်း​လေ​၏​။


ဧဂလုန်​ဘုရင်​တစ်ပါး​၊ ဂေဇာ​ဘုရင်​တစ်ပါး​၊


တိရဇာ​ဘုရင်​တစ်ပါး စုစုပေါင်း​ရှင်ဘုရင် သုံးဆယ့်​တစ်​ပါး​တို့ ဖြစ်​သတည်း​။


ထို​ပြည်​ကို အောင်​နိုင်​ပြီးနောက် အစ္စရေး​လူထု​တစ်ရပ်လုံး ရှိလော​အရပ်​၌ စုရုံး​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို တည်​ကြ​၏​။


ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို ပေး​မည်​ဟု ကျိန်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ပြည်​တစ်ပြည်လုံး​ကို သူ​တို့​အား​ပေး​သဖြင့် သူ​တို့​သည် ထို​ပြည်​ကို သိမ်းပိုက်​၍​နေထိုင်​ကြ​လေ​၏​။


ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ကောင်းစား​စေ​မည်​ဟု မိန့်မှာ​တော်မူ​ခဲ့​သည့်​ကတိ တစ်စုံတစ်ခု​မျှ မ​ပျက်ကွက်​ဘဲ အလုံးစုံ​ပြည့်စုံ​လေ​၏​။


ထို​နေ့​၌ ဘုရားသခင်​သည် ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​ကို အစ္စရေး​အမျိုးသား​တို့​ထံ ရှုံးနိမ့်​စေ​တော်မူ​၏​။