နေဟမိ 9:24 - Common Language Bible24 သူတို့သည်ခါနာန်ပြည်ကိုသိမ်းယူကြ ရပါ၏။ ထိုပြည်တွင်နေထိုင်သူတို့အားကိုယ်တော် နှိမ်နင်းတော်မူပါ၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ခါနာန်ပြည်ဘုရင်များနှင့် ပြည်သူတို့ကိုပြုချင်သလိုပြုနိုင်သော တန်ခိုးပေးတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 သား မြေး တို့ ဝင် ရောက် ပိုင် ယူ ကြ ရာ၊ ခါ န နိ လူ မျိုး မှ စ သော တိုင်း ရင်း သား တို့ ကို၊ ဘု ရင် မင်း များ ပါ၊ သူ တို့ ရှေ့ ရှုံး နိမ့် လျက်၊ အ လို ရှိ ရာ ပြု နိုင် ကြ စေ ရန် လက် တွင်း သို့ အပ် နှင်း တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible24 သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 သူတို့၏သားမြေးတို့သည် ထိုပြည်ကိုဝင်ရောက်သိမ်းပိုက်သောအခါ ကိုယ်တော်သည် ထိုပြည်သားခါနာန်လူမျိုးတို့ကို သူတို့ရှေ့တွင်နှိမ်နင်းတော်မူ၏။ ရှင်ဘုရင်နှင့်တကွ ပြည်သူပြည်သားတို့ကို သူတို့လက်သို့အပ်တော်မူ၍ သူတို့အလိုရှိသည့်အတိုင်းပြုကြ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-