Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 9:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သူ​တို့​သည် ခိုင်ခံ့​သော​မြို့​များ​နှင့် မြေဩဇာကောင်း​သော​ပြည်​ကို သိမ်းပိုက်​ကြ​၏​။ ဥစ္စာ​ရတနာ​နှင့်​ပြည့်​သော​အိမ်​များ​၊ တူး​ပြီး​သော​ရေတွင်း​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​၊ သီးစားပင်​များစွာ​ကို သိမ်းယူ​ကြ​၏​။ သူ​တို့​သည် ဝလင်​စွာ​စား​ကြ​ပြီး ဝဖြိုး​ကြ​၏​။ ကိုယ်တော်​၏​ကြီးမား​လှ​သော​ကောင်းမြတ်​ခြင်း​ကြောင့် သူ​တို့ ပျော်ရွှင်ကြည်နူး​ကြ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီး ရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။ သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သူ တို့ သည် ပြန့် ပြော သော ပြည်၊ ခံ တပ် မြို့ များ ကို သိမ်း ယူ၍။ ဘ ဏ္ဍာ အ မျိုး မျိုး ပြည့် သော တိုက် အိမ်၊ ဖော် ပြီး ရေ ကန်၊ စ ပျစ်၊ သံ လွင် ခြံ၊ အ သီး သီး သော အ ပင် ပါ၊ အ မြောက် အ မြား ကို ပိုင် ရ သ ဖြင့်၊ မ ဟာ ကျေး ဇူး တော် ကြောင့် စား သောက် ဝ ဖြိုး ရွှင် မြူး ကြ ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​သို့ သူ​တို့​သည် ခိုင်​ခံ့​သော​မြို့​များ၊ မြေ​ကောင်း​သော​ပြည်၊ ဥ​စ္စာ​နှင့်​ပြည့်​သော​အိမ်၊ တူး​ပြီး​သော​ရေ​တွင်း၊ များ​ပြား​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အ​သီး​သီး​သော အ​ပင်​တို့​ကို သိမ်း​ယူ၍၊ ဝ​စွာ​စား​သောက်​လျက် အ​သား​ဆူ​ဖြိုး၍ ကျေး​ဇူး​တော်​ကြွယ်​ဝ​ခြင်း၌ မွေ့​လျော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 9:25
25 ပူးပေါင်းရင်းမြစ်များ  

သင်​မူကား သင့်​ရှေ့​က​လူ​အပေါင်း​တို့​ထက် ဆိုးညစ်မှု​များ​ကို ပြု​လေ​ပြီ​။ သင်​သည် ငါ့​ကို​ကျောခိုင်း​ပြီး အခြား​ဘုရား​များ​၊ ရုပ်တု​များ​ကို ပြုလုပ်​ကာ ငါ့​ကို​အမျက်ထွက်​စေ​ပြီ​။


ရှစ်​ရက်​မြောက်​သော​နေ့​တွင် လူ​တို့​ကို ပြန်လွှတ်​လိုက်​ရာ သူ​တို့​သည်​လည်း ရှင်ဘုရင်​ကို​ကောင်းချီးပေး​ပြီး ထာဝရဘုရား​က မိမိ​အစေအပါး​ဒါဝိဒ်​နှင့် မိမိ​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ ပြု​တော်မူ​သော​ကောင်းကျိုးချမ်းသာ​အလုံးစုံ​ကြောင့် ဝမ်းမြောက်​ပျော်ရွှင်​စွာ​ဖြင့် မိမိ​တို့​နေရပ်​သို့​ပြန်သွား​ကြ​၏​။


သူ​တို့​သည် ကိုယ့်​နိုင်ငံ​နှင့်​ကိုယ်​နေ​ရ​ပြီး ကိုယ်တော်​ပေးသနား​တော်မူ​သော ကောင်းမြတ်​ခြင်း​အလုံးစုံ​ခံစား​ရ​လျက်​၊ ကျယ်ဝန်း​၍​မြေဩဇာ​ကောင်း​သော​ပြည်​ကို သူ​တို့​အား ပေးသနား​တော်မူ​လျက်​နှင့်​ပင် ကိုယ်တော်​ကို​ဝတ်​မ​ပြု​ကြ​၊ သူ​တို့​ပြု​သော​မကောင်းမှု​ကို​မ​စွန့်​ကြ​။


ကိုယ်တော်​သည် လူမျိုးခြား​တို့​၏​ပြည်​ကို သူ​တို့​အား ပေး​တော်မူ​သဖြင့် သူ​တို့​သည် ထို​လူမျိုး​တို့​၏​ကြိုးပမ်းအားထုတ်မှု​အကျိုး​ကို အမွေဆက်ခံ​ရ​ကြ​၏​။


ကိုယ်တော်​သည် တစ်နှစ်တာကာလ​ကို မိမိ​၏​ကောင်းမြတ်​ခြင်း​သရဖူ ဆောင်း​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လမ်း​တော်​တို့​သည်​လည်း ကြွယ်ဝခြင်း​နှင့်​ပြည့်လျှံ​လျက်​ရှိ​ပါ​၏​။


သို့မဟုတ်လျှင် အကျွန်ုပ်​သည် ပြည့်စုံကြွယ်ဝ​၍ “​ထာဝရဘုရား​သည် မည်သူ​နည်း​”​ဟု ဆို​လျက် ကိုယ်တော်​ကို​ငြင်းပယ်​မိ​ပါ​လိမ့်မည်​။ သို့တည်းမဟုတ် အကျွန်ုပ်​သည် ဆင်းရဲ​၍​ခိုးယူ​ကာ အကျွန်ုပ်​ဘုရားသခင်​၏​နာမ​တော်​ကို ထိခိုက်​မိ​စေ​ပါ​လိမ့်မည်​။


ဤ​လူမျိုး​၏​စိတ်နှလုံး​ကို ထုံထိုင်း​စေ​၍ သူ​တို့​၏​နား​ကို လေး​စေ​လော့​။ သူ​တို့​မျက်စိ​ကို​လည်း ကန်း​စေ​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​လျက် ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​တို့​အတွက် ထာဝရဘုရား ပြု​တော်မူ​ခဲ့​သော​အရာ​အလုံးစုံ​နှင့်အညီ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​၊ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​တို့​ကို ငါ​ဖော်ပြ​မည်​။ ကိုယ်တော်​၏​ကြွယ်ဝ​သော​မေတ္တာ​ကရုဏာ​တော်​နှင့်အညီ အစ္စရေး​အမျိုးသား​တို့​အတွက် ပြု​တော်မူ​ခဲ့​သည့် ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို ငါ​ဖော်ပြ​မည်​။


ကောင်း​သော​အသီးအနှံ​တို့​ကို စား​ရ​မည့်​အကြောင်း သင်​တို့​အား သီးနှံ​ဖြစ်ထွန်း​သော​ပြည်​သို့ ငါ​ခေါ်ဆောင်​လာ​၏​။ သို့သော် သင်​တို့​ရောက်လာ​၍ ငါ့​ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ အမွေ​ပြည်​ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေ​ကြ​၏​။


ထာဝရဘုရား​က “​ငါ​သည် ယဇ်ပုရောဟိတ်​တို့​၏​စိတ်ဝိညာဉ်​ကို အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​ဖြင့် ကျေနပ်အားရ​စေ​မည်​။ ငါ​၏​လူမျိုး​တော်​သည် ကောင်းမြတ်​သော​အရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ကြ​သော်လည်း စကား​တော်​ကို​နား​မ​ထောင်​ကြ​။ တရားတော်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ကိုယ်တော်​မိန့်မှာ​သော​အမှု​တို့​ကို​လည်း တစ်စုံတစ်ခု​မျှ​မ​လုပ်ဆောင်​ကြ​။ သို့ဖြစ်၍ ကိုယ်တော်​သည် ဤ​ဘေးအန္တရာယ်​အပေါင်း​တို့​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​ပြီ​။


ထို​နေ့​တွင်ပင် သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ပြည်​တကာ​တို့​ထက် သာယာဝပြော​သော​ပြည်​၊ သူ​တို့​အဖို့ ရွေးချယ်​ထား​သော ‘နို့​နှင့်​ပျားရည်​စီး​သော​ပြည်’​သို့ ပို့ဆောင်​ပေး​မည်​ဟု ကတိသစ္စာ​ပြု​ခဲ့​၏​။


ငြိမ်းချမ်း​သော​ကာလ​တွင် သူ​သည် ချမ်းသာကြွယ်ဝ​သော​နိုင်ငံ​ကြီး​ကို ဝင်တိုက်​လိမ့်မည်​။ သူ​၏​ဘိုးဘေး​များ​နှင့် ဘိုးဘေး​တို့​၏​ဘိုးဘေး​များ​ပင် မ​ပြု​သော​အမှု​ကို သူ​ပြု​လိမ့်မည်​။ တိုက်ခိုက်​သိမ်းပိုက်​ထား​သော​ဥစ္စာပစ္စည်း​တို့​ကို ခွဲဝေ​ပေး​လိမ့်မည်​။ ခံတပ်​မြို့​တို့​ကို လုပ်ကြံ​သိမ်းယူ​လိမ့်မည်​။ သို့သော် တစ်ခဏသာ ဖြစ်​လိမ့်မည်​။


သူ​တို့​ကို ဝလင်​စွာ​ကျွေးမွေး​ခဲ့​၏​။ သူ​တို့​ဝလင်​လာ​သောအခါ ထောင်လွှား​သော​စိတ်​ဝင်​၍ ငါ့​ကို မေ့လျော့​လာ​ကြ​၏​။


ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။


သို့မဟုတ် ဘုရားသခင်​၏​ကျေးဇူးပြု​တော်မူ​ခြင်း​သည် သင့်​ကို နောင်တ​သို့​ပို့ဆောင်​သည်​ကို​မ​သိ​မ​မှတ်​ဘဲ ကိုယ်တော်​၏​ကြွယ်ဝ​သော​ကျေးဇူးပြု​တော်မူ​ခြင်း၊ သည်းခံ​တော်မူ​ခြင်း​နှင့် စိတ်ရှည်​တော်မူ​ခြင်း​တို့​ကို မထီမဲ့မြင်​ပြု​သလော။


ထို​မြို့​အားလုံး​သည် မြင့်မား​သော​တံတိုင်း​၊ တံခါး​များ​၊ ကန့်လန့်ကျင်​များ​ရှိ​၍ ခိုင်ခံ့​သော​မြို့​များ​ဖြစ်​ကြ​၏​။ တောမြို့​တို့​ကို​လည်း အမြောက်အမြား​သိမ်းပိုက်​၍


ကိုယ်တော်​သည် သူ့​ကို မြေကြီး​ပေါ်ရှိ မြင့်ရာအရပ်​တို့​၌​နေရာ​ချထား​၍ သူ​သည် လယ်ယာ​သီးနှံ​ကို​စား​ရ​၏​။ ကိုယ်တော်​သည် သူ့​ကို ကျောက်တောင်​ထဲမှ​ပျားရည်​ဖြင့်​လည်းကောင်း​၊ မီးခတ်​ကျောက်ဆောင်​ထဲမှ​ဆီ​ဖြင့်​လည်းကောင်း​၊


နွား​မှ​ရ​သော​ထောပတ်​၊ သိုး​မှ​ရ​သော​သိုး​နို့​၊ သိုးသငယ်​အဆီ​၊ ဗာရှန်​ပြည်​သိုးထီး​၊ ဆိတ်ထီး​နှင့်တကွ အကောင်းဆုံး​ဂျုံ​ဖြင့်​လည်းကောင်း ကျွေးမွေး​တော်မူ​၏​။ စပျစ်​သွေး​တည်းဟူသော​ဝိုင်နီ​ကို​လည်း သောက်​ရ​၏​။


အို ယေရှုရုန်​၊ သင်​သည် ဝဖြိုး​လာ​သဖြင့် ခြေစုံကန်​လေ​ပြီ​။ ဝဖြိုး​တုတ်ခဲ​ပြီး ဖောင်းကား​လာ​သောအခါ မိမိ​ကို​ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​ကို ပစ်ပယ်​လေ​ပြီ​။ မိမိ​၏​ကယ်တင်​ရာ​ကျောက်ဆောင်​ကို မထီမဲ့မြင်ပြု​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ