အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
နေဟမိ 7:70 - မြန်မာ့စံမီသမ္မာကျမ်း အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ပြန်လည်တည်ဆောက်မှုလုပ်ငန်းအတွက် ပေးလှူကြ၏။ ဘုရင်ခံသည်လည်း ရွှေဒင်္ဂါးပြား တစ်ထောင်၊ အင်တုံ ငါးဆယ်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ငါးရာသုံးဆယ်တို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်း၏။ Common Language Bible ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကုန်ကျစရိတ်အတွက် ပေးလှူကြသူများမှာအောက်ပါအတိုင်းဖြစ်သည်။ ဘုရင်ခံရွှေအောင်စ ၂၇၀ ဗိမာန်တော်ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသည့်အင်တုံ ၅၀ ယဇ်ပုရောဟိတ်ဝတ်စုံ ၅၃၀ သားချင်းစုခေါင်းဆောင်များ ရွှေ ၃၃၇ပေါင် ငွေ ၃၂၁၅ပေါင် ကျန်ပြည်သူများရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်ပုရောဟိတ်ဝတ်စုံ ၆၇ Garrad Bible အ မှု တော် ဆောင် ရွက် ရန် အိမ် ထောင် အအုပ် အချုပ် အ ချို့ တို့ လှူ ဒါန်း ကြ သည် မှာ၊ ဘု ရင် ခံ မင်း က၊ ရွှေ ဒင်္ဂါး တစ် ထောင်၊ အင် တုံ တော် ငါး ဆယ်၊ သင်္ကန်း စုံ ငါး ရာ့ သုံး ဆယ်။ Judson Bible အဆွေအမျိုး သူကြီးအချို့တို့သည် အမှုတော်ကိုဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတစ်ထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ်အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ၏။ |
အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
ခက်ရင်းခွများ၊ ဇလုံများ၊ ကရားများအတွက် ရွှေစင်များ၊ ရွှေဖလားများအတွက် ရွှေဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဖလားများအတွက် ဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ထို့ပြင် ဟုရံသည် အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟုရံသည် ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်စရာတို့ကို လုပ်ဆောင်ပြီးစီးသွား၏။
စားပွဲဆယ်လုံးကိုလည်း ပြုလုပ်ပြီး ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး နေရာချထား၏။ ထို့ပြင် ရွှေဇလုံအလုံးတစ်ရာကိုလည်း ပြုလုပ်၏။
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
ကုလားအုတ် လေးရာသုံးဆယ့်ငါးကောင်၊ မြည်း အကောင်ခြောက်ထောင်ခုနစ်ရာ့နှစ်ဆယ်လည်း ပါ၏။
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင့်နှစ်ရာကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။
ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍ အင်တုံထဲ၌ရှိသောသွေးတွင်နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်ကို အင်တုံထဲမှသွေးဖြင့် သုတ်ရမည်။ နံနက်တိုင်အောင် မည်သူမျှ မိမိအိမ်တံခါးအပြင်သို့ မထွက်ရ။
မောရှေသည် သွေးတစ်ဝက်ကိုယူ၍ အင်တုံများထဲသို့ထည့်ပြီး သွေးတစ်ဝက်ကိုကား ယဇ်ပလ္လင်ပေါ်သို့ ဖျန်းလေ၏။
ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော အင်တုံများ၊ မီးကျီးခံဗန်းများ၊ ဇလုံများ၊ အိုးများ၊ ဆီမီးခုံများ၊ ခွက်များ၊ ပန်းကန်လုံးများကိုလည်း သိမ်းယူသွားလေ၏။