ယွာဘက အာမသအား “ငါ့ညီ၊ အဆင်ပြေပါ၏လော”ဟု ဆို၏။ ထို့နောက် ယွာဘသည် အာမသ၏မုတ်ဆိတ်ကို ညာလက်ဖြင့် ဆွဲကိုင်ပြီး နမ်းမည်ပြု၏။
နေဟမိ 6:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သမ္ဘာလတ်နှင့် ဂေရှင်က “လာပါ ဩနောလွင်ပြင်၊ ခေဖိရိမ်ရွာတွင် ဆုံကြပါစို့”ဟု ငါ့ထံ သတင်းပို့လာ၏။ စင်စစ် သူတို့သည် ငါ့ကို လုပ်ကြံရန် ကြံစည်ကြခြင်းသာ ဖြစ်၏။ Common Language Bible သို့ဖြစ်၍သမ္ဘာလတ်နှင့်ဂေရှင်တို့သည်သြ နောလွင်ပြင်ရှိရွာတစ်ရွာတွင် သူတို့နှင့်လာ ရောက်တွေ့ဆုံရန်ငါ့အားမှာကြားကြ၏။ ဤသို့မှာကြားခြင်းမှာငါ့ကိုအန္တရာယ် ပြုရန်လှည့်စားမှုသာဖြစ်ပေသည်။- Garrad Bible သ မ္ဘာ လတ် နှင့် ဂေ ရှင် တို့ က၊ ဩ နော ချိုင့် ရှိ ခေ ဖိ ရိမ် ရွာ တွင် တွေ့ ဆုံ ရန် လာ ပါ ဟု၊ မ ကောင်း ပြု လို သော သ ဘော နှင့် ငါ့ ကို ကြား မှာ လျှင်၊ Judson Bible သမ္ဘာလတ်နှင့်ဂေရှင်တို့က လာပါ။ ဩနောချိုင့်တွင် ခေဖိရိမ်ရွာမှာ တွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကိုမှာလိုက်ကြ၏။ |
ယွာဘက အာမသအား “ငါ့ညီ၊ အဆင်ပြေပါ၏လော”ဟု ဆို၏။ ထို့နောက် ယွာဘသည် အာမသ၏မုတ်ဆိတ်ကို ညာလက်ဖြင့် ဆွဲကိုင်ပြီး နမ်းမည်ပြု၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ဧလပါလ၏သားများမှာ ဧဗာ၊ မိရှဟံ၊ ရှာမက် တို့ဖြစ်ကြ၏။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများကို တည်ဆောက်ခဲ့၏။
ထို့ကြောင့် ငါကလည်း သူတို့ထံ တမန်ကိုလွှတ်၍ “ငါသည် အရေးကြီးသောလုပ်ငန်းကို ဆောင်ရွက်နေရသည်ဖြစ်၍ သင်တို့ထံ မလာနိုင်။ သင်တို့ထံလာခြင်းဖြင့် အဘယ်ကြောင့် ကိုယ့်အလုပ်ကို ရပ်ထားရမည်နည်း”ဟု အကြောင်းပြန်လိုက်၏။
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စောင့်ကြည့်၍ သူ့ကိုသတ်ရန်ရှာကြံတတ်၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူဆယ်ယောက်တို့သည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ထ၍ဓားဖြင့်ခုတ်သတ်လေ၏။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။