ငါမှစ၍ ငါ့ညီအစ်ကိုများ၊ ငါ့ငယ်သားများ၊ ငါ့နောက်လိုက်အစောင့်များအားလုံးသည် ဝတ်စုံကိုမချွတ်၊ ရေသောက်သွားလျှင်ပင် လက်နက်ကိုင်သွားကြ၏။
နေဟမိ 5:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ယောက်ျားများနှင့်သူတို့၏မိန်းမတို့သည် သူတို့၏ညီအစ်ကိုချင်းဂျူးလူမျိုးတို့အား အကြီးအကျယ်အော်ဟစ်ကြိမ်းမောင်းကြလျက် Common Language Bible ကာလအနည်းငယ်ကြာသောအခါယုဒ အမျိုးသားနှင့်အမျိုးသမီးအမြောက် အမြားတို့သည် အချင်းချင်းအားအပြစ် တင်၍ညဉ်းညူကြကုန်၏။- Garrad Bible ထို အ ခါ ဆင်း ရဲ သား ယောက်ျား၊ မိန်း မ တို့ သည်၊ ယု ဒ လူ မျိုး ချင်း တို့ ကို ဟစ်၍ မြည် တွန် ကြ သည် မှာ။ Judson Bible ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသားချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။ |
ငါမှစ၍ ငါ့ညီအစ်ကိုများ၊ ငါ့ငယ်သားများ၊ ငါ့နောက်လိုက်အစောင့်များအားလုံးသည် ဝတ်စုံကိုမချွတ်၊ ရေသောက်သွားလျှင်ပင် လက်နက်ကိုင်သွားကြ၏။
ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။
ဇေဒကိမင်းကြီးက ဂျေရုဆလင်မြို့သားအပေါင်းတို့နှင့်ပဋိညာဉ်ဖွဲ့ပြီး ကျွန်ဘဝမှလွတ်မြောက်ပြီဟု ကြေညာပြီးနောက်မှ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံ ရောက်လာပြန်၏။
‘အို အစ္စရေးမင်းသားတို့၊ တော်သင့်ပြီ။ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖိနှိပ်ညှဉ်းဆဲခြင်းအမှုတို့ကိုရှောင်၍ တရားမျှတစွာ၊ ဖြောင့်မတ်စွာ ပြုကျင့်ကြလော့။ ငါ့လူမျိုးတို့ထံမှ လုယူသိမ်းပိုက်ခြင်းအမှုကို ရပ်တန်းကရပ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့ပြုသောအပြစ်နောက်တစ်ခုမှာ ထာဝရဘုရားသည် သင်တို့ပေးလှူသောပူဇော်သက္ကာကို လက်မခံ၊ အရေးမစိုက်သောကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းလျက် ထာဝရဘုရား၏ယဇ်ပလ္လင်ကို မျက်ရည်ဖြင့် လွှမ်းမိုးစေကြ၏။
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။