သူတို့အကြံကို ငါတို့သိသွားခြင်းဖြင့် သူတို့၏အကြံကို ဘုရားသခင်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်သူတို့ကြားသိကြ၏။ ငါတို့အားလုံးလည်း မြို့ရိုးသို့ပြန်လာ၍ အသီးသီးကိုယ့်အလုပ်ကိုယ်လုပ်ကြ၏။
နေဟမိ 4:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့မှစ၍ ငါတို့သည် လူတစ်ဝက်အလုပ်လုပ်ပြီး ကျန်တစ်ဝက်မှာ သံချပ်အင်္ကျီဝတ်လျက် လှံ၊ ဒိုင်းလွှား၊ လေးလက်နက်တို့နှင့်တကွ ကင်းစောင့်ကြ၏။ အကြီးအကဲတို့ကလည်း ယုဒအမျိုးသားအပေါင်းတို့ကို နောက်တန်းမှထောက်မပေးကြ၏။ Common Language Bible ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။- Garrad Bible ထို ကာ လ မှ စ၍ ငါ့ ငယ် သား တို့ အ နက်၊ မြို့ ရိုး အ လုပ် ကို တစ် ဝက် လုပ် စဉ် အ ခါ၊ တစ် ဝက် မှာ၊ ရင် အုပ်၊ လှံ၊ ဒိုင်း လွှား လေး များ ကို စွဲ ကိုင် ရ ကြ၏။ အုပ် ချုပ် သူ တို့ မူ ကား၊ မြို့ ရိုး တည် လုပ် သော ယု ဒ အ မျိုး သား အ ပေါင်း တို့ နောက် ရပ် နေ ကြ ၏။ Judson Bible နောက်မှ ငါ့ကျွန်တစ်ဝက်သည် အလုပ်လုပ်ကြ၏။ တစ်ဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။ |
သူတို့အကြံကို ငါတို့သိသွားခြင်းဖြင့် သူတို့၏အကြံကို ဘုရားသခင်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်သူတို့ကြားသိကြ၏။ ငါတို့အားလုံးလည်း မြို့ရိုးသို့ပြန်လာ၍ အသီးသီးကိုယ့်အလုပ်ကိုယ်လုပ်ကြ၏။
မြို့ရိုးကိုတည်ဆောက်သူများ၊ ပစ္စည်းထမ်းသောသူများနှင့် ပစ္စည်းမတင်ပေးသောသူတို့သည် လက်တစ်ဖက်ဖြင့် အလုပ်လုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်နက်ကိုင်ဆောင်ထားကြ၏။
ငါမှစ၍ ငါ့ညီအစ်ကိုများ၊ ငါ့ငယ်သားများ၊ ငါ့နောက်လိုက်အစောင့်များအားလုံးသည် ဝတ်စုံကိုမချွတ်၊ ရေသောက်သွားလျှင်ပင် လက်နက်ကိုင်သွားကြ၏။
သစ္စာရှိသောပြည်သားတို့သည် အကျွန်ုပ်နှင့်အတူနေထိုင်ရမည့်အကြောင်း သူတို့ကိုအကျွန်ုပ်ကြည့်ရှုပါမည်။ စုံလင်သောတရားလမ်း၌ လျှောက်လှမ်းသောသူသည် အကျွန်ုပ်၏အမှုကို ဆောင်ရွက်ရပါလိမ့်မည်။
ဝတ်လုံ၌ ခေါင်းစွပ်ရန် လည်ပင်းပေါက်ရှိရမည်။ ထိုလည်ပင်းပေါက်ပတ်ပတ်လည်၌ အနားပတ်ရှိရမည်။ လည်ပင်းပေါက်မစုတ်မပြဲစေရန် သံချပ်အင်္ကျီလည်ပင်းပေါက်ကဲ့သို့ ထိုအနားပတ်ကို ရက်လုပ်ရမည်။
ထိုစစ်သူရဲအားလုံးတို့သည် ဓားကိုင်သူရဲများ၊ စစ်မှုရေးရာကျွမ်းကျင်သောသူရဲများဖြစ်ကြ၏။ ညအချိန်များ၌ကျရောက်မည့်ဘေးကိုကာကွယ်ရန် ဓားကို နံဘေး၌ဆောင်ထားကြ၏။
မြင်းစီးသူရဲတို့၊ မြင်းများကို ကကြိုးဆင်ကြ၊ စီးကြ။ နေရာယူကြ။ သံခမောက်ဆောင်းကြ။ လှံတို့ကို သွေးကြ။ သံချပ်အင်္ကျီတို့ကို ဝတ်ဆင်ကြ။