Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 မြို့ရိုး​ကို​တည်ဆောက်​သူ​များ​၊ ပစ္စည်းထမ်း​သော​သူ​များ​နှင့် ပစ္စည်း​မတင်​ပေး​သော​သူ​တို့​သည် လက်​တစ်​ဖက်​ဖြင့် အလုပ်​လုပ်​ပြီး ကျန်​လက်​တစ်​ဖက်​ဖြင့် လက်နက်​ကိုင်ဆောင်​ထား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ဆောက်​လုပ်​ရေး​ပစ္စည်း​များ​ကို​သယ်​ယူ​သူ​တို့ သည်​ပင်​လျှင်​လက်​တစ်​ဖက်​ဖြင့်​သယ်​ယူ​၍ အ​ခြား​လက်​တစ်​ဖက်​ဖြင့်​လက်​နက်​ကို​စွဲ ကိုင်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဝန် ထမ်း သူ တို့ သည်၊ လက် တစ် ဘက် နှင့် လုပ်၍၊ တစ် ဘက် ကား လက် နက် ကိုင် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 မြို့​ရိုး​တည်​သော​သူ၊ ဝန်​ထမ်း​သော​သူ၊ ဝန်​ကို​တင်​သော​သူ အ​ပေါင်း​တို့​သည် လက်​တစ်​ဖက်​နှင့် လုပ်​ကြ၏။ လက်​တစ်​ဖက်​နှင့် လက်​နက်​ကို​ကိုင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:17
15 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ငါ​သည် မြို့ရိုး​အနောက်ဘက် မြေနိမ့်ပိုင်း​ကွင်းပြင်​တွင် မျိုးနွယ်စု​အလိုက် ဓား​၊ လှံ​၊ လေး​တို့​နှင့်တကွ အစောင့်ချ​ထား​၏​။


ထို​နေ့​မှစ၍ ငါ​တို့​သည် လူ​တစ်ဝက်​အလုပ်​လုပ်​ပြီး ကျန်​တစ်ဝက်​မှာ သံချပ်အင်္ကျီ​ဝတ်​လျက် လှံ​၊ ဒိုင်းလွှား​၊ လေး​လက်နက်​တို့​နှင့်တကွ ကင်းစောင့်​ကြ​၏​။ အကြီးအကဲ​တို့​က​လည်း ယုဒ​အမျိုးသား​အပေါင်း​တို့​ကို နောက်တန်း​မှ​ထောက်မ​ပေး​ကြ​၏​။


မြို့ရိုး​ဆောက်လုပ်​သူ​တိုင်း ခါး​၌​ဓား​ချိတ်ဆွဲ​၍ အလုပ်​လုပ်​ကြ​ရ​၏​။ တံပိုးမှုတ်​သော​သူ​သည် ငါ့​အနား​၌ ရပ်​နေ​၏​။


သူ​တို့​၏​နှုတ်​၌ ဘုရားသခင်​၏​ဂုဏ်တော်ချီးမွမ်း​ခြင်း​ရှိ​ကြ​ပါစေ​။ သူ​တို့​၏​လက်​၌​လည်း အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကို ကိုင်​ထား​ကြ​ပါစေ​။


ထို​စစ်သူရဲ​အားလုံး​တို့​သည် ဓားကိုင်သူရဲ​များ​၊ စစ်မှုရေးရာ​ကျွမ်းကျင်​သော​သူရဲ​များ​ဖြစ်​ကြ​၏​။ ညအချိန်​များ​၌​ကျရောက်​မည့်​ဘေး​ကို​ကာကွယ်​ရန် ဓား​ကို နံဘေး​၌​ဆောင်​ထား​ကြ​၏​။


ထို့ကြောင့် ဂျေရုဆလင်​မြို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ရန် အမိန့်​ထုတ်ပြန်​သည့်​နေ့​မှစ၍ ဘိသိက်ခံ​မင်း​တစ်ပါး​ပေါ်ထွန်း​မည့်​နေ့​အထိ ခုနစ်​သီတင်း​နှင့် ခြောက်ဆယ့်​နှစ်​သီတင်း​ကြာ​လိမ့်မည်​ဟု သိ​နားလည်​လော့​။ ခဲယဉ်း​သော​ကာလ​များ​၌​ပင် ထို​မြို့​၏​လမ်း​နှင့်​ကျုံး​တို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​လိမ့်မည်​။


အချင်းချင်း မ​တိုး​မ​တိုက်​ဘဲ ကိုယ့်​လမ်းကြောင်း​နှင့်​ကိုယ် ချီတက်​ကြ​၏​။ လက်နက်​ကြား​တိုးဝင်​သော်လည်း မ​ကျဆုံး​။


သတိ​ဝီရိယ​ရှိ​ကြ​လော့။ ယုံကြည်​ခြင်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့။ ရဲစွမ်းသတ္တိ​ရှိ​ကြ​လော့။ ကြံ့ခိုင်​သန်စွမ်း​ကြ​လော့။


အကြောင်းမူကား ထိရောက်​မှု​ရှိ​သော​အမှု​တော်​လုပ်ငန်း​အတွက် ကြီးမား​သော​တံခါး​သည် ငါ့​အတွက်​ပွင့်​လျက်​ရှိ​၍ ဆန့်ကျင်​သော​သူ​လည်း များစွာ​ရှိ​ကြ​၏။


အခြား​သော​သူ​တို့​သည် သင်​တို့​ထံမှ ဤ​အခွင့်​ကို ခံစား​ရ​ကြ​လျှင် ငါ​တို့​သည် သာ၍​ခံစား​ထိုက်​သည်​မ​ဟုတ်​လော။ သို့သော် ငါ​တို့​သည် ဤ​အခွင့်​ကို​မ​သုံး​ဘဲ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် မည်သည့်​အဟန့်အတား​မျှ​မ​ရှိ​စေရန် အရာရာ​၌ သည်းခံ​ကြ​၏။


သမ္မာတရား​ကို​ဟောပြော​ခြင်း​၌​ဖြစ်စေ၊ ဘုရားသခင်​၏​တန်ခိုး​တော်​၌​ဖြစ်စေ၊ လက်ဝဲ​လက်ယာ​၌​ကိုင်​ထား​သော ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အားဖြင့်​ဖြစ်စေ၊


ထိုသို့​ကြောက်ရွံ့​ခြင်း​မ​ရှိ​ခြင်း​သည် သူ​တို့​အတွက် ပျက်စီး​ခြင်း​၏​လက္ခဏာ​ဖြစ်​၏။ သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​၏​လက္ခဏာ​ဖြစ်ပြီး ၎င်း​သည် ဘုရားသခင်​ထံမှ​လာ​၏။


ခရစ်တော်​ယေရှု​၏​စစ်သား​ကောင်း​တစ်​ဦး​အဖြစ် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။


ငါ​သည် ကောင်း​သော​တိုက်ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​ခဲ့​ပြီ။ ယုံကြည်​ခြင်း​ကို စောင့်ထိန်း​ခဲ့​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ