နေဟမိ 4:17 - Common Language Bible17 ဆောက်လုပ်ရေးပစ္စည်းများကိုသယ်ယူသူတို့ သည်ပင်လျှင်လက်တစ်ဖက်ဖြင့်သယ်ယူ၍ အခြားလက်တစ်ဖက်ဖြင့်လက်နက်ကိုစွဲ ကိုင်ထားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 ဝန် ထမ်း သူ တို့ သည်၊ လက် တစ် ဘက် နှင့် လုပ်၍၊ တစ် ဘက် ကား လက် နက် ကိုင် ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible17 မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကိုတင်သောသူ အပေါင်းတို့သည် လက်တစ်ဖက်နှင့် လုပ်ကြ၏။ လက်တစ်ဖက်နှင့် လက်နက်ကိုကိုင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 မြို့ရိုးကိုတည်ဆောက်သူများ၊ ပစ္စည်းထမ်းသောသူများနှင့် ပစ္စည်းမတင်ပေးသောသူတို့သည် လက်တစ်ဖက်ဖြင့် အလုပ်လုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်နက်ကိုင်ဆောင်ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။-
တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-
သင်တို့ထံမှအခြားသူတို့သည်ဤသို့ရ ပိုင်ခွင့်ရှိလျှင် ငါတို့သည်ပို၍ပင်ရပိုင်ခွင့် ရှိသည်မဟုတ်လော။ သို့သော်ငါတို့သည်ထိုအခွင့်အရေးကို မယူခဲ့ကြ။ ခရစ်တော်အကြောင်းသတင်း ကောင်းပျံ့နှံ့ရေးအတွက် အဆီးအတား မဖြစ်စေရန်တွေ့ကြုံရသောအခက်အခဲ ရှိသမျှကိုရင်ဆိုင်သည်းခံခဲ့ကြ၏။-
သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။-