Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:16 - Common Language Bible

16 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ငါ​၏​လူ​စု​တစ်​ဝက် သည်​အ​လုပ်​လုပ်​၍​ကျန်​တစ်​ဝက်​က​လှံ၊ ဒိုင်း လွှား၊ လေး​တို့​ကို​ကိုင်​ဆောင်​ကာ​သံ​ချပ်​အင်္ကျီ များ​ကို​ဝတ်​ဆင်​ပြီး​လျှင်​ကင်း​စောင့်​ရ​ကြ လေ​သည်။ ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မြို့ ရိုး​ပြန်​လည်​တည်​ဆောက်​လျက်​နေ​သူ​ယု​ဒ အ​မျိုး​သား​တို့​အား​ထောက်​ခံ​အား​ပေး ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ထို ကာ လ မှ စ၍ ငါ့ ငယ် သား တို့ အ နက်၊ မြို့ ရိုး အ လုပ် ကို တစ် ဝက် လုပ် စဉ် အ ခါ၊ တစ် ဝက် မှာ၊ ရင် အုပ်၊ လှံ၊ ဒိုင်း လွှား လေး များ ကို စွဲ ကိုင် ရ ကြ၏။ အုပ် ချုပ် သူ တို့ မူ ကား၊ မြို့ ရိုး တည် လုပ် သော ယု ဒ အ မျိုး သား အ ပေါင်း တို့ နောက် ရပ် နေ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 နောက်​မှ ငါ့​ကျွန်​တစ်​ဝက်​သည် အ​လုပ်​လုပ်​ကြ၏။ တစ်​ဝက်​သည် လှံ၊ ဒိုင်း၊ လေး၊ သံ​ချပ်​တို့​ကို ကိုင်​ကြ၏။ မင်း​တို့​သည် ယု​ဒ​အ​မျိုး​သား​များ​နောက်​မှာ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို​နေ့​မှစ၍ ငါ​တို့​သည် လူ​တစ်ဝက်​အလုပ်​လုပ်​ပြီး ကျန်​တစ်ဝက်​မှာ သံချပ်အင်္ကျီ​ဝတ်​လျက် လှံ​၊ ဒိုင်းလွှား​၊ လေး​လက်နက်​တို့​နှင့်တကွ ကင်းစောင့်​ကြ​၏​။ အကြီးအကဲ​တို့​က​လည်း ယုဒ​အမျိုးသား​အပေါင်း​တို့​ကို နောက်တန်း​မှ​ထောက်မ​ပေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:16
8 ပူးပေါင်းရင်းမြစ်များ  

ရန်​သူ​များ​သည်​မိ​မိ​တို့​အ​ကြံ​အ​စည်​ကို ငါ​တို့​သိ​ရှိ​သွား​ကြောင်း​ကြား​ကြ​သော အ​ခါ သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ဘု​ရား​သ​ခင်​ပယ်​ဖျက်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ရိပ် မိ​ကြ​၏။ ထို​နောက်​ငါ​တို့​ရှိ​သ​မျှ​သည်​မြို့ ရိုး​ကို​ဆက်​လက်​တည်​ဆောက်​ကြ​လေ​သည်။


ဆောက်​လုပ်​ရေး​ပစ္စည်း​များ​ကို​သယ်​ယူ​သူ​တို့ သည်​ပင်​လျှင်​လက်​တစ်​ဖက်​ဖြင့်​သယ်​ယူ​၍ အ​ခြား​လက်​တစ်​ဖက်​ဖြင့်​လက်​နက်​ကို​စွဲ ကိုင်​ထား​ကြ​၏။-


ငါ​သည်​ညဥ့်​အ​ခါ​၌​ငါ​၏​အ​ဝတ်​များ​ကို မ​ချွတ်။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ၊အ​စေ​ခံ များ​နှင့်​ကိုယ်​ရံ​များ​သည်​လည်း​သူ​တို့​၏ အဝတ်​များ​ကို​မ​ချွတ်​ရ​ကြ။ ငါ​တို့​အား​လုံး ပင်​မိ​မိ​တို့​၏​လက်​နက်​များ​ကို​အ​နီး​တွင် ထား​ရှိ​ရ​ကြ​၏။


ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​သူ​တို့​ကို နှစ်​သက်​ပါ​မည်။ သူ​တို့​အား​ငါ​၏​နန်း​တော်​တွင်​နေ​ခွင့်​ပြု​ပါ​မည်။ လိမ်​လည်​ကောက်​ကျစ်​မှု​ကင်း​ရှင်း​သူ​တို့​အား ငါ​၏​အ​မှု​တို့​ကို​ထမ်း​ဆောင်​စေ​ပါ​မည်။


ဦး​ခေါင်း​စွပ်​ရန်​လည်​ပေါက်​ရှိ​စေ​ရ​မည်။ ထို လည်​ပေါက်​မ​စုတ်​ပြဲ​စေ​ရန်​ပတ်​လည်​နား​ကို ရက်​ထည်​ဖြင့်​ကွပ်​ထား​ရ​မည်။-


လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။


သင်​တို့​၏​မြင်း​များ​ကို​ကြိုး​တန်​ဆာ​ဆင်​စီး ကြ​လော့။ စီ​တန်း​ပြီး​လျှင်​သင်​တို့​၏​သံ​ခ​မောက်​များ ကို ဆောင်း​ကြ​လော့။ လှံ​များ​ကို​သွေး​ကြ​လော့။ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ကြ​လော့' ဟု​အော်​ဟစ် ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ