ကိုယ့်မြို့ကိုယ့်မြေများသို့ ဦးစွာပြန်နေထိုင်ရသူတို့မှာ အစ္စရေးအမျိုးသား ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများ ဖြစ်ကြ၏။
နေဟမိ 3:26 - မြန်မာ့စံမီသမ္မာကျမ်း ဩဖေလအရပ်၌နေထိုင်သောဗိမာန်တော်အစေအပါးတို့သည် မျက်နှာချင်းဆိုင်ရှိအရှေ့ဘက်ရေတံခါးမှ ထိုးထွက်နေသောမျှော်စင်အထိ ပြုပြင်ကြ၏။ Garrad Bible အ ငူ ပြ အိုး နှင့် အ ရှေ့ မျက် နှာ ရေ တံ ခါး အ နီး၊ ဩ ဖေ လ အ ရပ် တွင်၊ ကျွန် သီး တော် တို့ နေ ရ ကြ သ တည်း။ Judson Bible ထိုမှတစ်ပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တစ်ဖက်တစ်ချက်၌၊ မိမိတို့နေရာ ဩဖေလရဲတိုက်ကိုလည်းကောင်း၊ ပြင်သို့ထွက်သော ပြအိုးကိုလည်းကောင်း ပြင်ကြ၏။ |
ကိုယ့်မြို့ကိုယ့်မြေများသို့ ဦးစွာပြန်နေထိုင်ရသူတို့မှာ အစ္စရေးအမျိုးသား ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများ ဖြစ်ကြ၏။
သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကို တည်ဆောက်၏။ ဩဖေလမြို့ရိုးကိုလည်း ခိုင်ခံ့အောင် တည်ဆောက်၏။
ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။
ကျန်ပြည်သူပြည်သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များ၊ ဗိမာန်တော်အစေခံများ၊ ဘုရားသခင်၏ပညတ်တရားအတွက် ထိုပြည်သူပြည်သားတို့နှင့်ကင်းရှင်းစွာနေသောသူအပေါင်းနှင့် သူတို့၏မယားများ၊ သားသမီးများ၊ သိနားလည်သောသူအပေါင်းတို့သည်
ဗိမာန်တော်အစေအပါးတို့သည် ဩဖေလအရပ်၌နေထိုင်ကြ၏။ ထိုဗိမာန်တော်အစေအပါးတို့ကို ဇိဟနှင့်ဂိသပတို့က အုပ်ချုပ်၏။
သူတို့သည် စမ်းရေတွင်းတံခါးဝသို့ရောက်သောအခါ ဒါဝိဒ်မြို့အတက်လမ်းအတိုင်း မြို့ရိုးရှိရာသို့တက်သွားပြီး ဒါဝိဒ်နန်းတော်အထက်ရေတံခါးမှ အရှေ့ဘက်သို့ သွားကြ၏။
သူတို့၏ဘေးတွင် တေကောမြို့သားတို့သည် ထိုးထွက်နေသောမျှော်စင်ကြီးမှ ဩဖေလတံတိုင်းအထိ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်ကြ၏။
လူအပေါင်းတို့သည် ရေတံခါးရှေ့ရှိကွင်းပြင်တွင် တစ်စိတ်တစ်သဘောတည်းစုရုံးလာကြပြီး မောရှေအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရား မိန့်မှာတော်မူသော ပညတ်တရားကျမ်းကို ယူဆောင်ခဲ့ရန် ကျမ်းပြုဆရာဧဇရအား တောင်းဆိုကြ၏။
ထို့ကြောင့် လူတို့သည် ထွက်သွား၍ သစ်ခက်များကိုယူဆောင်လာကြပြီး မိမိတို့အိမ်ခေါင်မိုးပြင်၊ အိမ်ဝင်းအတွင်း၊ ဘုရားသခင်၏အိမ်တော်ဝင်းအတွင်း၊ ရေတံခါးရှေ့ကွင်းပြင်၊ ဧဖရိမ်တံခါးရှေ့ကွင်းပြင် စသည်တို့၌ ယာယီတဲကို ဆောက်လုပ်ကြ၏။
ရေတံခါးရှေ့ရှိကွင်းပြင်တွင် မိုးလင်းချိန်မှစ၍ မွန်းတည့်ချိန်တိုင်အောင် နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမတို့ရှေ့၌ ဖတ်ပြ၏။ လူအပေါင်းတို့ကလည်း ထိုပညတ်တရားကျမ်းကို စိတ်ဝင်တစားနားထောင်ကြ၏။
အကြောင်းမူကား နန်းတော်သည် စွန့်ထားခြင်းခံရ၍ လူစည်ကားသောမြို့သည် စွန့်ခွာခြင်းခံရမည်။ ရဲတိုက်၊ ကင်းစောင့်မျှော်စင်တို့သည် သားရဲတို့အစဉ်ခိုအောင်းရာ ဖြစ်သွားလိမ့်မည်။ မြည်းရိုင်းများနေပျော်ရာ၊ တိရစ္ဆာန်တို့ကျက်စားရာ ဖြစ်လိမ့်မည်။