ငါသည် ကြီးကြပ်သူတို့အား “ဘုရားသခင်၏အိမ်တော်ကို အဘယ်ကြောင့်ပစ်ပယ်ထားကြသနည်း”ဟု အပြစ်တင်ပြောဆိုပြီး လေဝိအမျိုးတို့ကို စုဝေးစေ၍ သူ့နေရာနှင့်သူ ပြန်ခန့်ထား၏။
နေဟမိ 13:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အကျွန်ုပ်သည် ယုဒခေါင်းဆောင်တို့အား “သင်တို့ပြုသော ဤဆိုးညစ်မှုကား မည်သို့နည်း။ သင်တို့သည် ဥပုသ်နေ့ကို ညစ်ညူးစေကြပြီ။ Common Language Bible ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။- Garrad Bible ယု ဒ မှူး မတ် တို့ အား၊ ဥ ပုသ် နေ့ ကို ဖျက်၍ သင် တို့ ပြု သော ပြစ် မှု ကား၊ အ သို့ နည်း။ Judson Bible ထိုအခါ ငါက၊ သင်တို့သည် ဥပုသ်နေ့ကိုဖျက်၍ ပြုသောဒုစရိုက်ကား အဘယ်သို့နည်း။ |
ငါသည် ကြီးကြပ်သူတို့အား “ဘုရားသခင်၏အိမ်တော်ကို အဘယ်ကြောင့်ပစ်ပယ်ထားကြသနည်း”ဟု အပြစ်တင်ပြောဆိုပြီး လေဝိအမျိုးတို့ကို စုဝေးစေ၍ သူ့နေရာနှင့်သူ ပြန်ခန့်ထား၏။
ဂျေရုဆလင်မြို့တွင် နေထိုင်သောတိုင်ရာမြို့သားတို့သည်လည်း ငါးနှင့်ကုန်စည်အမျိုးမျိုးကိုယူဆောင်လာ၍ ဥပုသ်နေ့တွင် ဂျေရုဆလင်မြို့ရှိ ယုဒလူတို့အား ရောင်းချကြ၏။
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
ထိုအကြောင်းကို သေချာတွေးဆကြည့်ပြီးမှ ငါက ခေါင်းဆောင်များ၊ ကြီးကြပ်သူများအား “သင်တို့သည် ကိုယ့်အမျိုးသားချင်းကိုပင် အတိုးစားသူများဖြစ်ကြပါသည်တကား”ဟု ပြစ်တင်ပြောဆိုလျက် အစည်းအဝေးကြီးကို ခေါ်၍
ပညတ်တရားကိုစွန့်ပယ်သောသူတို့သည် ဆိုးယုတ်သောသူကိုချီးမွမ်းတတ်၏။ ပညတ်တရားကိုစောင့်ထိန်းသောသူတို့မူကား ဆိုးယုတ်သောသူတို့ကိုဆန့်ကျင်တတ်၏။
သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်တို့ကိုသိသော လူကြီးတို့ကို ငါသွားပြောမည်”ဟု ဆို၏။ သို့သော် သူတို့သည်လည်း အတူတကွထမ်းပိုးကိုချိုး၍ အချည်အနှောင်များကိုဖြတ်ကြပြီ။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
သင်၏ညီအစ်ကိုကို စိတ်ထဲ၌ အမုန်းမထားရ။ သင့်အိမ်နီးချင်းကြောင့် သင်အပြစ်မသင့်မည့်အကြောင်း သူ့ကို မဆုံးမဘဲမနေနှင့်။
အကျွန်ုပ်က “အို ယာကုပ်အမျိုးခေါင်းဆောင်တို့နှင့် အစ္စရေးအမျိုးအကြီးအမှူးတို့၊ နားထောင်ကြလော့။ တရားမျှတမှုကို သင်တို့သိသင့်သည်မဟုတ်လော။
အို ယာကုပ်အကြီးအမှူးတို့နှင့် အစ္စရေးအုပ်ချုပ်သူတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတမှုကိုစက်ဆုပ်ရွံရှာ၍ ဖြောင့်မှန်သောအမှုရှိသမျှကို ကွေ့ကောက်စေကြ၏။