မောရှေ၏ပညတ်တရားအတိုင်း စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားထံ ပြန်လာသောယောရှိမင်းကြီးကဲ့သို့ဘုရင်မျိုး ရှေးယခင်ကလည်း မရှိ၊ သူ့နောက်၌လည်း မရှိပေ။
နေဟမိ 10:30 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏သမီးပျိုများကို ထိုပြည်သားတို့နှင့်မပေးစား။ သူတို့၏သမီးပျိုများကိုလည်း ငါတို့၏သားများနှင့်မစုံဖက်စေပါ။ Common Language Bible ငါတို့သည်ဤပြည်တွင်နေထိုင်သူလူမျိုး ခြားနှင့်ထိမ်းမြားစုံဖက်မှုကိုပြုမည်မ ဟုတ်ပါ။ Garrad Bible ငါ တို့ သား သ မီး များ ကို တိုင်း ရင်း သား တို့၏ သား သ မီး များ နှင့် မ ပေး စား မ ထိမ်း မြား ခြင်း၊ Judson Bible ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစား၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဖို့ မသိမ်းမယူဘဲ နေပါမည်ဟူ၍လည်းကောင်း၊ |
မောရှေ၏ပညတ်တရားအတိုင်း စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားထံ ပြန်လာသောယောရှိမင်းကြီးကဲ့သို့ဘုရင်မျိုး ရှေးယခင်ကလည်း မရှိ၊ သူ့နောက်၌လည်း မရှိပေ။
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
ထိုကာလတွင် အာဇုတ်အမျိုးသမီး၊ အမ္မုန်အမျိုးသမီး၊ မောဘအမျိုးသမီးတို့နှင့်စုံဖက်သော ဂျူးလူမျိုးတို့ကိုလည်း ငါတွေ့ရ၏။
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
ငါသည် သူတို့ကို တိုင်းတစ်ပါးသားအပေါင်းတို့နှင့်ကင်းကင်းရှင်းရှင်းနေစေပြီးမှ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား သူတို့လုပ်ရမည့်အလုပ်အသီးသီးကို ပြန်လည်ချမှတ်ပေး၍
သူတို့ကလည်း “အကျွန်ုပ်တို့ ပြန်ပေးပါမည်။ သူတို့ထံမှ ထပ်မတောင်းတော့ပါ။ သင်ဆိုသည့်အတိုင်း ပြုပါမည်”ဟု ဆိုကြသဖြင့် ငါသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ ထိုသူတို့အား သူတို့၏ကတိအတိုင်းပြုရန် ကျိန်ဆိုစေ၏။
ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။
သင်သည် သူတို့၏သမီးများကို သင့်သားတို့နှင့်စုံဖက်စေသဖြင့် သူတို့၏သမီးများသည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ သင့်သားတို့ကိုလည်း ထိုဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းစေကြလိမ့်မည်။
သင်တို့၏ကလေး၊ သင်တို့၏မယားနှင့် သင်တို့တပ်စခန်းထဲရှိ ထင်းခွေသူ၊ ရေခပ်သူတိုင်းတစ်ပါးသားများပါ ရပ်နေကြသည်မှာ
ထိုလူမျိုးတို့နှင့် ထိမ်းမြားခြင်းမပြုရ။ သင်တို့၏သမီးကို သူတို့၏သားနှင့် မပေးစားရ။ သူတို့၏သမီးကိုလည်း သင်တို့၏သားနှင့် မပေးစားရ။